Unicode
ဟျွန်းဂျင် နိုးလာချိန်သည် နံနက်ဦးပိုင်းသာ ရှိဦးမည်။
ခန်းဆောင်ထဲသို့ မည်သည့်အလင်းရောင်မှ ဝင်နေခြင်း မရှိသလို
ပြင်ပမှလည်း မည်သည့််အသံမှ မကြားရအောင် တိတ်ဆိတ်နေခဲ့သည်။ထိုသို့ အေးချမ်းသော ဆိတ်ငြိမ်မှုလေးကိုခိုကာ
နံဘေးမှာ အိပ်ပျော်နေတဲ့ဆွန်းမင်ကို ကြာကြာစိုက်ကြည့်မိသည်။ချစ်ရတဲ့သူနဲ့အတူတူ အိပ်ရာဝင်ခွင့်ရပြီး
မနက်ခင်း မျက်လုံးဖွင့်ချိန်မှာ ချစ်သူမျက်နှာကို
ဦးစွာမြင်ရခြင်းက သူ့ဘဝရဲ့ ကောင်းချီးတစ်ခုဖြစ်မည်။မောဟကင်းမဲ့စွာ အိပ်ပျော်နေတဲ့ မျက်နှာလေးဟာ
ရင်ကို နှစ်ဆအေးချမ်းစေသည်။ မှေးဆင်းနေတဲ့
မျက်တောင်တစ်ဆုံးက သူ့နှလုံးသားရဲ့ လှဲလျောင်းရာ
ဖြစ်သည်။ငေးမိနေရင်း ဟိုအရင်အချိန်များကို
သတိရမိသေးသည်။ သူ့အား မကြည်ဖြူတဲ့
ကြင်စဦး ချစ်ဦးသူလေးကို တဝကြီးငေးဖို့
စောစောထခဲ့ရတဲ့ နံနက်ခင်းတွေ ဘယ်လောက်
များခဲ့သလဲ။အဲဒီတုန်းကလိုပဲ တူညီတဲ့မြတ်နိုးခြင်းတွေနဲ့
သူ ကြင်ရာတော်ကို ကြည့်နေမိဆဲပါပဲ။
ကွာခြားသွားတာက ဒီခံစားချက်တွေက
တစ်ဖက်သတ်မဟုတ်တော့ဘဲ ညီတူမျှနေတာဖြစ်သည်။မနိုးသွားစေဖို့ရန် သတိထားရင်း လာဖက်ထားတဲ့
လက်ကလေးကို ဖယ်ရှားရင်း ထဖို့ကြိုးစားမိပေမဲ့
ညည်းညူသံတိုးတိုးလေးက သူကျရှုံးကြောင်း
သက်သေထူသည်။"ဘယ်သွားမလို့လဲ အိမ်ရှေ့စံ"
အိပ်ချင်မပြေသေးဘဲ တစ်ဝက်သာ ပွင့်နေတဲ့
မျက်ဝန်းမှေးလေးများက သူ့ဘက်ကို
ကြည့်နေခဲ့ကြသည်။"အိပ်ရာစောစောထမလားလို့"
သို့ပေမဲ့ ခါးကိုဖက်ကာ အနားတိုးယူတဲ့
လက်ကလေးများက သူ့ဆန္ဒကို ငြင်းဆန်လိုပုံရသည်။
သူ့ယူဆချက် မှန်ကန်ကြောင်းကို ရင်ခွင်ထဲတိုးဝင်တဲ့
ခေါင်းလုံးလုံးလေးက သက်သေထူသည်။"မသွားပါနဲ့။ ကျွန်တော်နဲ့ပဲ နေပေးပါ"
ဒီနောက်ပိုင်း သူ့အပေါ် သိသိသာသာ
တွယ်ကပ်လာတာ သတိထားမိပေမဲ့
အခုလက်ရှိ အတွယ်အတာလေးကတော့
ပိုကို ပိုပါသည်။
YOU ARE READING
The Portrait : King's Beloved • 황승
Fanfictionပန်းချီကားတစ်ချပ်။ ယင်းထဲမှာတော့ အဖြူရောင်ဆံနွယ်အချို့ပါရှိတဲ့ ကောင်လေးတစ်ယောက်ဟာ အနီရောင်ဝတ်စုံလေးကို ကျော့ကျော့လေးဝတ်ကာ အဖြူရောင် ခေါင်ရမ်းငယ်ခင်းထဲမှာ လှပစွာ ရှိနေတယ်။ အဲဒီပန်းချီကားလေးရဲ့နောက်ကွယ်က ဇာတ်လမ်းလေးကတော့ ....