5 • ဆောင်းခိုငှက်နှင့် ဓားမြှောင်တစ်လက် | ဆောင်းခိုငှက်နှင့် ဓားမြှောင်တစ်လက်

332 55 10
                                    

Zawgyi

"မင်းဘာလို့ ဒီလောက်တောင် အသုံးမကျရတာလဲ!"
အမတ်မင်းရဲ့အသံဟာ အိမ်တော်ထဲ၌ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

"အိမ်ရှေ့စံအနားမှာ ​နေနေရတာ ဘယ်လောက်တောင်ရှိပြီလဲ။
ဒါကို အခုထိ တာဝန်ကိုပြီးမြောက်အောင် မလုပ်နိုင်သေးဘူး။"

ဆွန်းမင် ဖေဖေ့ကို ဘာမှမတုံ့ပြန်ချင်ပါလေ။

"အလကား အသုံးမကျတဲ့သား..!"

"သခင်လေး..သခင်လေး" တကြော်ကြော်ခေါ်ကာ အိမ်ထဲဝင်ရောက်လာသူကား ချယ်ယွန်းသာ။

အမတ်မင်းဒေါသထွက်နေတဲ့ အချိန်ဖြစ်ကြောင်း
ဆွန်းမင်အရိပ်အကဲပြသော်လည်း သူငယ်မကတော့ နားမလည်ရှာ။

"အိမ်ရှေ့စံက သခင်လေးကို နန်းတော်အနောက်ဘက် ​လေ့ကျင့်ရေးကွင်းကို လာခဲ့ပါလို့ အမှာပါးလိုက်လို့။"

ဆွန်းမင် ဖေဖေ့ကို မော့ကြည့်မိသည်။ အမတ်မင်းက ခေါင်းညိတ်လာတော့ သူလည်း အိမ်တော်ကနေ ထွက်လာခဲ့လိုက်တော့သည်။

နန်းတော်ကို တစ်ဖက်နိုင်ငံမှ သံတမန်ဧည့်သည်ရောက်ရန် ရှိ၍ နန်းတော်တစ်ခုလုံး အလုပ်များနေကြသည်။ အရှေ့ဘက်နဲ့ တောင်ဘက်အဆောင်၌ စုဝေးနေကြသည်မို့ အနောက်ဘက်ဆောင်တစ်ခွင် တလင်းသုသာန်သကဲ့သို့
တိတ်ဆိတ်လျက်ပင်။

နန်းတော်အနောက်ဘက်သို့ ထွက်လာလိုက်ရင်း
လေ့ကျင့်ရေးကွင်းကို ဦးတည်လာခဲ့သည်။

စိတ်ထဲမှာလည်း အိမ်ရှေ့စံ ဘာကြောင့်များ
ခေါ်တွေ့ရသလဲ မှန်းဆနေမိသည်။ ညဘက်၌သာ ခေါ်ယူလေ့ရှိသည်မို့ ဒါက သူ့အတွက် အထူးအဆန်းတစ်ခု ဖြစ်နေသည်လေ။

လေ့ကျင့်ရေးကွင်းဆီရောက်တော့ အိမ်ရှေ့စံတစ်ဦးတည်းသာ ရှိနေသည်။ အနီရောင်နဲ့အပြာရောင်ကို လိုက်ဖက်ညီစွာ ပေါင်းစပ်ထားတဲ့ ဝတ်စုံကလည်း အိမ်ရှေ့စံရဲ့ကိုယ်၌ အချိုးကျတင့်တယ်စွာ။ လက်ထဲကဓားကို လှပစွာ ဝင့်နေသည်ကလည်း မှင်သက်ဖွယ်ရာပါပဲ။

"အိမ်ရှေ့စံ ကျွန်တော့ကိုခေါ်တာ ဘာအရေးကြောင့်များ-" မိမိခြေရင်းသို့ ဓားတစ်လက်ကို ချပေးလာတဲ့ အိမ်ရှေ့စံကြောင့် စကားတို့ပင် လမ်းတစ်ဝက်၌ ရပ်သွားခဲ့၏။

The Portrait : King's Beloved • 황승Where stories live. Discover now