22 • အလှပဆုံးဆောင်းဦး | အလွပဆုံးေဆာင္းဦး

283 39 4
                                    

Unicode

အိမ်ရှေ့စံတို့ ရောက်နေတဲ့သတင်းဟာ မြောင်မင်းသမီးရဲ့နားကို ပေါက်ကြားသွားခဲ့ပြီး မင်းသမီးဟာ ဟန်မှတစ်ဆင့် ဟျွန်းဂျင်နဲ့တွေ့ဖို့ စီစဥ်စေခဲ့သည်။ ဒီအခြင်းအရာက ဆွန်းမင် မျက်နှာမသာဖြစ်နေရသည့် အကြောင်းအရင်းဖြစ်သည်။

သူ့မတိုင်ခင် အိမ်ရှေ့စံနဲ့ လက်ထပ်ဖို့ အ​​ကြောင်းရှိခဲ့တဲ့သူမို့လို့ အနည်းနဲ့အများ မကြည်ဖြူနိုင်တာတော့ အမှန်ပါပဲ။ ပြီးတော့ အိမ်ရှေ့စံနဲ့ တွေ့ဆုံမှာကိုလည်း မနှစ်သက်ပါဘူး။

သို့ပေမဲ့လည်း သူ မကြိုဆိုလိုတဲ့ ဧည့်သည်ဟာ အိမ်တော်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ အပိုလူတွေကို မသိစေလိုတာကြောင့် သာမန်မိန်းကလေးတစ်ယောက်လို ရောက်ရှိလာခဲ့တဲ့ မြောင်မင်းသမီးဟာ သာမန်အဆောင်အယောင်တွေနဲ့တောင် လှနေဆဲဖြစ်သည်။

မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့မင်းသမီးကို ဆွန်းမင် တစ်ချက်ကြည့်မိရာမှ မျက်လုံးမခွာနိုင်အောင် ဖြစ်မိသည်။ ဆေးတင်ထားတဲ့ ပါးမို့မို့လေးများက မက်မွန်လေးများအလား။ ဝိုင်းစက်နေတဲ့ မျက်လုံးရွဲများကိုတော့ တကူးတက ဖွင့်ဆိုမနေတော့ပါဘူး။ မင်းသမီးတစ်ပါးပီပီ နူးညံ့သိမ့်မွေ့တဲ့ ဟန်မူကလေးများနှင့် နုရွသော လက်သွယ်ကလေးများက ပန်းပွင့်ဖတ်ကလေးများကဲ့သို့ နူးညံ့သည်။

"မတွေ့တာ ဆယ်စုနှစ်တစ်ခုလောက်ကို ကြာခဲ့ပြီနော် မင်းသား"

"ဟုတ်ပါရဲ့။ အရင်ကဆို ယွန်းအာက ကလေးမလေးသာသာပဲ ရှိသေးတာလေ"

မနာလိုမိတဲ့ အခြင်းအရာတွေထဲက နောက်ထပ်တစ်ခုက မင်းသမီးဟာ ဟျွန်းဂျင်ရဲ့ ပထမဆုံးသော သူငယ်ချင်း ဖြစ်ခဲ့တာပါပဲ။

ပြီးတော့ မသေချာသည့်တိုင် ကြားဖူးခဲ့တဲ့သတင်းတွေအရ မင်းသမီးက အိမ်​ရှေ့စံရဲ့အချစ်ဦးဖြစ်ကြောင်း ။

စိုက်ကြည့်နေတာ ကြာသွားသည်ထင်။ မင်းသမီးဟာ သူ့ကို သတိထားမိပြီး ကြည့်လာခဲ့သည်။ ထို့ပြင် ကပ်ပါလာတဲ့ အပြုံးလှလှလေးရော။

"အာ မိတ်ဆက်ပေးရဦးမယ်။ ဒါက ကိုယ့်ကြင်ရာတော်လေ။"

နှစ်ယောက်သားကို သတိထားမိသွားပုံရတဲ့ အိမ်ရှေ့စံက မိတ်ဆက်ပွဲထုတ်လာခဲ့သည်။

The Portrait : King's Beloved • 황승Where stories live. Discover now