Epilogue

396 39 23
                                    

Unicode

"အဲဒီနောက် ဘာဆက်ဖြစ်ကြလဲဟင်"

ဇာတ်လမ်းလေးဟာ တစ်ခန်းရပ်နဲ့ ပြီးဆုံးသွားသည့်တိုင်
ဆောဂျောင်းဟာ မတင်းတိမ်ဘဲ ဆက်သိချင်နေတုန်းပဲ။
ထိုအခါ ဆက်ပြောပြရုံကလွဲပြီး ဂျွန့်မှာလည်း ရွေးချယ်စရာ
မရှိပါဘူး။

"ကောင်းကင်အပြာရောင်ရှိပြီး
လေငြိမ်တဲ့နေ့တစ်ခုမှာ အိမ်ရှေ့စံက ရွှေအနားကွပ်ထားတဲ့
အနီရောင်ဝတ်စုံနဲ့ နန်းတက်ခဲ့တယ်။ နတ်ဆရာမရဲ့
ဟောကိန်းအတိုင်း ကြင်ရာတော်ကတော့ ရှိမနေဘူးပေါ့။
ဒါပေမဲ့.."

စကားကို ခဏရပ်လိုက်တော့ ဆောဂျောင်းရဲ့သိချင်စိတ်က
ပိုလာခဲ့သည်။ မျက်လုံးဝိုင်းလေးတွေက သူ့အား
မော့ကြည့်လာပုံက သိပ်ချစ်ဖို့ကောင်းသည်။

"အဲဒီနောက်ပိုင်း ဟွမ်ဘုရင်ကို ပြုံးပျော်နေတဲ့ပုံစံနဲ့
ထပ်မတွေ့ရတော့ဘူး။ ကြင်ရာလည်း ထပ်မကောက်ဘဲ
ဟွမ်မင်းကြီးက တစ်ယောက်တည်းပဲ အထီးကျန်စွာ
ဆက်နေခဲ့တယ်။ အိပ်မပျော်တဲ့ရောဂါကလည်း ပြန်ပေါ်လာခဲ့ပြီး
နှစ်နှစ်အကြာမှာတော့ ကြင်ရာတော်ရဲ့ ဒီပန်းချီကားခြေရင်းမှာ
အသက်မဲ့နေတဲ့ခန္ဓာကိုယ်ကို ရှာတွေ့ခဲ့ရတယ်လို့ နန်းတွင်းစာရေးက
ရေးထားတယ်။ အဲဒီနောက် သေတမ်းစာအတိုင်း မင်းသားယန်းက
နန်းတက်ခဲ့ပြီး ယန်းမျိုးဆက် စတင်ခဲ့တယ်တဲ့"

ဆောဂျောင်းရဲ့မျက်နှာလေးဟာ စောစောကထက်
နှစ်ဆလောက် ပိုညှိုးကျသွားခဲ့သည်။ ပြီးတော့
ကလေးငယ်ဟာ အရှေ့က ပန်းချီကားလေးကို
လေးနက်တဲ့မျက်ဝန်းတွေနဲ့ ငေးသည်။

"သနားဖို့ကောင်းလိုက်တာ..​ ကြင်ရာတော်က
အိမ်ရှေ့စံကို သိပ်ချစ်ခဲ့တာကို"

ဂျောင်းလေးနဲ့မှတ်ချက်ကြောင့် ဂျွန် အနည်းငယ်တော့
အံ့သြမိသည်။ များသောအားဖြင့် ဒီဇာတ်ကြောင်းကိုပြောပြတိုင်း
အိမ်ရှေ့စံရဲ့အချစ်ကို ချီးကျူးတဲ့သူသာ များသည်ကို
ဂျောင်းလေးကတော့ တမူထူးစွာ ကြင်ရာတော်ရဲ့အချစ်ကို
ပိုအထူးပြုနေသည်။

"အိမ်ရှေ့စံနဲ့ကြင်ရာတော်မှာ ဘယ်သူကပိုချစ်တယ်လို့
​ဂျောင်းလေး ထင်မိသလဲ"

The Portrait : King's Beloved • 황승Where stories live. Discover now