Unicode
"သေချာရဲ့လား ဟန်ရဲ့၊ အခုထိ ဘာမှကို မထူးခြားသေးဘူး။"
မွန်းတည့်ကတည်းက လာစောင့်နေသည်မှာ အခု နေစောင်းနေပြီ ဖြစ်သော်လည်း လူရိပ်လူခြေပင် မမြင်ရသေးတာကြောင့် မင်ဟို မေးမိသည်။ ထိုအခါ ဟန်က သူ့ကို လှည့်မကြည့်ဘဲ ခေါင်းသာ ညိတ်ပြသည်။
"သေချာပါတယ် မင်ဟိုရ။ သေရည်မူးပြီး ထုတ်ပြောတာကို ဆိုင်ရှင်ကိုယ်တိုင် ကြားလိုက်တယ်လို့ သေချာပြောလိုက်တာပါ။ ကျွန်တော့်သတင်းပေးက နှစ်ချီအောင် အတူလုပ်လုပ်လာတာမလို့ ယုံရပါတယ်။"
အာမခံစွာပြောလာတဲ့ ဂျီဆောင်းကြောင့် မင်ဟို မသေချာမှုတွေကို ဘေးဖယ်ထားပြီး ပတ်ဝန်းကျင်ကိုသာ အကဲခတ်မိသည်။ နေဟာ အနောက်အရပ်သို့ တဖြည်းဖြည်းရွေ့သွားချိန်မှာ သစ်ရွက်တွေကို နင်းလာတဲ့ခြေသံတို့ကို မင်ဟိုကြားရတော့သည်။ အသံမညီခြင်းက သေရည်မူးနေကြောင်း ညွှန်းသည်။ တဖြည်းဖြည်းနီးကပ်လာတဲ့ ခြေသံတို့နှင့် စကားသံတို့ကို ပိုကြားလာရသည်နှင့် မင်ဟို လက်ထဲကဓားကို ဓားအိမ်ထဲမှ ထုတ်ထားလိုက်တော့သည်။
"ဟိုကောင်တွေ သေသွားတာ စိတ်မကောင်းပေမဲ့ ကောင်းတော့လည်း ကောင်းတာပဲ။ ဝေစုခွဲစရာ လူနည်းသွားတော့ အခုလို များများရတာပေါ့ ဟားဟား"
အနည်းငယ်ယိုင်နေတဲ့ခြေလှမ်းများနှင့် ဆိုလာတဲ့သူကို မင်ဟို ချက်ချင်းပဲ မှတ်မိနိုင်လိုက်သည်။ ဘယ်ဘက်မျက်ခုံးရှိ ဓားရှရာ အမာရွတ်ကြီးက သူနှင့်ယှဥ်ပြိုင်တိုက်ခိုက်ခဲ့တဲ့ ထိုမျက်ဝန်းများ၏ အထက်၌လည်း ရှိခဲ့သည်။
အချိန်ကောင်းကို စောင့်နေစဥ်မှာပဲ ဟန်က နမော်နမဲ့နိုင်စွာ သစ်ကိုင်းတစ်ခုကို နင်းချိုးမိရာမှ အသံထွက်သွားခဲ့သေးသည်။ ထိုအခါ ထိုလူက ဘေးပတ်လည်ကိုကြည့်လာခဲ့ပေမဲ့ မင်ဟိုက လက်ဦးမှုရယူနိုင်ခဲ့သည်။
ထိုလူ၏လက်ထဲမှ သေရည်အိတ်ဟာ လည်ပင်းသို့ ဓားဖြင့် တေ့ထားခံရချိန်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ အကူခေါ်ဖို့ လှည့်ကြည့်ပေမဲ့ အတူပါလာတဲ့သူကလည်း သူ မသိလိုက်ခင်အချိန်မှာ ဓားရာနှင့် မြေပေါ်မှာ လဲကျနေပြီ။
YOU ARE READING
The Portrait : King's Beloved • 황승
Fanfictionပန်းချီကားတစ်ချပ်။ ယင်းထဲမှာတော့ အဖြူရောင်ဆံနွယ်အချို့ပါရှိတဲ့ ကောင်လေးတစ်ယောက်ဟာ အနီရောင်ဝတ်စုံလေးကို ကျော့ကျော့လေးဝတ်ကာ အဖြူရောင် ခေါင်ရမ်းငယ်ခင်းထဲမှာ လှပစွာ ရှိနေတယ်။ အဲဒီပန်းချီကားလေးရဲ့နောက်ကွယ်က ဇာတ်လမ်းလေးကတော့ ....