Unicode
နယ်စပ်ရောက်နေတဲ့စစ်သည်တွေ ရိက္ခာပြတ်လပ်နေတယ် ဆိုတဲ့သတင်း ပေါက်လာပြီးကတည်းက
ဟျွန်းဂျင် အလုပ်တွေရှုပ်နေခဲ့တာ ဖြစ်သည်။နန်းတော်မှာ သေချာလက်သပ်မွေးပြီး
အထူးလေ့ကျင့်ပေးထားတဲ့ မင်းကြီးရဲ့သစ္စာခံ
စစ်သည်တပ်ကို နယ်စပ်မှာ နယ်ခြားစောင့်တပ်အဖြစ်
ပို့ထားတာက သိပ်တော့ အရာမဟုတ်နေဘူး။
အထူးသဖြင့် ပြည်ပစစ်ရေးရာ မရှိတဲ့အချိန်မှာပေါ့။ဒါ့အပြင် ရိက္ခာတွေပါ ဖြတ်ထားခြင်းက
ပိုလို့ပင် သဘာဝမကျပေ။တစ်ယောက်ယောက်ကတော့ ရည်ရွယ်ချက်ရှိရှိနဲ့
စစ်သည်တွေကို ပထုတ်ပြီး နန်းတော်ကို အားနည်းအောင်
လုပ်နေတာဖြစ်ရမည်။ထို့ကြောင့်လည်း ရိက္ခာနဲ့ဆေးဝါးတွေ ပို့ရင်း
ရာသီဥတုအခါပေးတာနဲ့ မြို့တော်ပြန်လာဖို့ပါ
စာပါးလိုက်ရခြင်းဖြစ်သည်။ယနေ့ ရိက္ခာလှည်းတွေ ထွက်သွားတော့မှသာ
ဟျွန်းဂျင်လည်း သက်ပြင်းချနိုင်တော့သည်။
ဝန်တစ်ခုတော့ ပုခုံးပေါ်မှ လျော့ကျသွားခဲ့ပြီ။ထို့နောက် စိစစ်လက်စ စာအုပ်ကိုပိတ်လိုက်ပြီး
သိမ်းဆည်းဖို့အတွက် စာဖတ်ခန်းအနောက်ရှိ
လျှို့ဝှက်ခန်းသို့ ဝင်လာခဲ့လိုက်သည်။အံဝှက်ထဲ စာအုပ်ကိုထည့်ပြီးတဲ့နောက်
မရည်ရွယ်ဘဲ ဘေးပတ်လည်က ပန်းချီကားတွေကို
ကြည့်မိသွားသည်။ အဲဒီထဲကမှ အာရုံအစိုက်မိဆုံးကတော့
မပြီးပြတ်သေးတဲ့ ဆွဲလက်စ ပန်းချီကားလေးပင်။အနီရောင်ဝတ်စုံလေးနဲ့ သိပ်လှနေခဲ့တဲ့ချစ်သူကြောင့်
သတိမပြုမိဘဲ ပြုံးမိပါသေးသည်။ အမှတ်အရဆုံးကတော့
ချစ်တယ် လို့ ပထမဆုံးကြားခဲ့ရခြင်းပေါ့။အကြောင်းအရာဆက်စပ်သွားတော့ ဆွန်းမင်ကို
သတိရသွားခဲ့သည်။ ထို့နောက် အပြုံးတွေအစား
စိတ်မကောင်းဖြစ်စိတ်က နေရာယူသည်။မနေ့ညက အငြင်းပွားပြီးကတည်းက
ဆွန်းမင်နဲ့ စကားထပ်မပြောဖြစ်ပေ။
သူ့ဘက်က လွန်ခဲ့တာမလို့ တောင်းပန်ရမှာကို သိပေမဲ့ ဆွန်းမင်ရဲ့မေးခွန်းတွေအတွက် အဆင်သင့်မဖြစ်သေးတာကြောင့်
မနက်စောစောကတည်းက ရှောင်ထွက်ခဲ့မိသည်။
YOU ARE READING
The Portrait : King's Beloved • 황승
Fanfictionပန်းချီကားတစ်ချပ်။ ယင်းထဲမှာတော့ အဖြူရောင်ဆံနွယ်အချို့ပါရှိတဲ့ ကောင်လေးတစ်ယောက်ဟာ အနီရောင်ဝတ်စုံလေးကို ကျော့ကျော့လေးဝတ်ကာ အဖြူရောင် ခေါင်ရမ်းငယ်ခင်းထဲမှာ လှပစွာ ရှိနေတယ်။ အဲဒီပန်းချီကားလေးရဲ့နောက်ကွယ်က ဇာတ်လမ်းလေးကတော့ ....