15 • ခံစားချက် | ခံစားခကျြ

314 49 11
                                    

Zawgyi

"ကျုပ်ပါ"

တံခါးခေါက်သံနောက်တွင် ကပ်ပါလာတဲ့ ရင်းနှီးနေသော ကုန်သည်ကြီးရဲ့အသံကြောင့် ဝင်လာစေရန် မင်ဟို ခွင့်ပြုလိုက်သည်။

မရွှင်ပျသော မျက်နှာနှင့်အတူ ကုန်သည်ကြီး၏လက်ထဲရှိ မယိုယွင်းသော စာအိတ်လေးကို တွေ့လိုက်ရတဲ့အခါ မင်ဟို သက်ပြင်းချမိသည်။

"စာပါးတာကို လက်မခံလိုက်ပြန်ဘူးလား ကုန်သည်ကြီး"

"ဟုတ်ပါတယ်။ ဒီတစ်ကြိမ်လည်း ပြောစရာရှိရင် လူချင်းဆုံမှ ပြောဖို့ပဲ မှာလိုက်ပြန်ပါတယ်။"

"သူ နေတော့ကောင်းတယ်မလား"

"ကျုပ် တွေ့ခဲ့တာတော့ ကျန်းမာပုံပါပဲ။ ဒါပေမဲ့ စိတ်နှလုံးကတော့ မချမ်းမြေ့ဘူးလို့ ပြန်လျှောက်ဖို့ မှာလိုက်ပါတယ်။"

ရယ်သံတစ်ခုသည် မင်ဟို့ထံမှ လွှတ်ခနဲ ထွက်သွားသည်။
ချစ်ရသူဟာ ဆိုးသွမ်းလိုက်ပုံများ ။

သူ ပါးသမျှ စာသဝဏ်တို့ကို လက်ခံဖို့ငြင်းပယ်သည်။ သည့်အစား လူကိုယ်တိုင်လာတွေ့ရန် သွယ်ဝိုက်စွာ တုံ့ပြန်သည်။ လွမ်းဆွတ်နေပါကြောင်းကိုလည်း ဤသို့ အသွင်ပြောင်းကာ သိစေသေးသည်။

"ဒါဆို ကျုပ်ပြန်ပါဦးမယ်။"

"ကောင်းပါပြီ။ ဒီတစ်ြကိမ်လည်း ဒုက္ခပေးမိလို့ အားနာမိသလို ကျေးဇူးလည်းတင်ပါတယ်။"

ကုန်သည်ကြီးက မင်ဟိုပေးသော ငွေစအချို့ကို ယူပြီးနောက် အရာမယွင်းတဲ့ စာအိတ်လေးကို ပြန်ပေးသည်။ ကုန်သည်ကြီး ထွက်သွားတော့ မင်ဟိုသည်လည်း လိုက်ပါထွက်လာလိုက်ရင်း လသာဆောင်မှတစ်ဆင့် အပြင်ဘက်သို့ မျှော်ကြည့်မိသည်။

ဝန်းကျင်ဟာ ပန်းရောင်အသွေးလွှမ်းနေသည်။ ဝေဆာနေသော ချယ်ရီများကြောင့် ဖြစ်သည်။ သိပ်မကြာခင်မှာ ကြွေကြတော့မှာကိုလည်း မင်ဟို ရိပ်စားမိပါသည်။

ချယ်ရီကြွေတာကို အတူကြည့်ဖို့ ဆန္ဒရှိတဲ့ ဂျီဆောင်းကြောင့် သူတော့ အိမ်ရှေ့စံထံ ခွင့်တစ်ခုတောင်းဖို့ မျက်နှာသွားပြရဦးမည်။

The Portrait : King's Beloved • 황승Where stories live. Discover now