Part 3

259 36 34
                                    

Zawgyi

Pete က Ae ထင်ထားသလိုမဟုတ်တာကြောင့် နည်းနည်းတော့ စဉ်းစားရခက်နေလေသည်။အရင်ဆရာတွေတုန်းကဆို သူ့ဘက်ကနည်းနည်းလေးလမ်းကြောင်းခင်းပေးလိုက်တာနဲ့ပါလာကြသူတွေချည်းဖြစ်သည်။Pete ကတော့ ထူးခြားသည်။တစ်ခြားလူတွေနဲ့လုံးဝမတူတာကြောင့် Ae နည်းနည်းတော့ ပိုအားစိုက်ထုတ်ဖို့လိုလာမှန်း သိလာလေသည်။

ပြီးတော့ Ae သိချင်နေသည့်အချက်က Pete မှာဆွဲဆောင်မှုတစ်ခုခုရှိနေသည်။သူ့အပြုံးက ကျောင်းသားအားလုံးရဲ့ စိတ်ပါဝင်စားမှုကိုဆွဲဆောင်နေသည်။အသံချိုချိုလေးနဲ့ စာကိုအားရုံစိုက်ရှင်းပြတတ်သည့် သူ့ကြောင့် ကျောင်းသားတော်တော်များများက သဘောကျကြသည်။သူ့ရဲ့လူမှုဆက်ဆံရေးကဘဲ ဆွဲဆောင်မှုတစ်ခုဖြစ်နေတာလား။

သေချာတော့ ဒီ Pete ဆိုတဲ့လူကတစ်ခုခုတော့ တစ်ခုခုဘဲ။Ae လိုလူကိုပိုပြီး အားထည့်ကာ ကြိုးစားအာင်လုပ်နိုင်သည့်သူပင်။

သို့သော် အံ့အားသင့်နေတာ Ae တစ်ယောက်ထဲတော့မဟုတ်ပေ။Pete ကလဲ ထိုနည်းတူစွာပင် တစ်ချိန်လုံးသူ့နောက်တောက်လျှောက်လိုက်နေသည့် ကျောင်းသားကိုအံ့သြနေမိသည်။

Ae ကဒါသူ့အတန်းလား တစ်ခြားသူတွေအတန်းလားဆိုတာလဲဂရုမစိုက်။Pete ဝင်ရင် သူပါအဲ့အတန်းကိုလိုက်ဝင်ကာ စာသင်တာထိုင်နားထောင်နေတတ်သည်။တစ်ခါတစ်လေ နှစ်ကြီးပိုင်းတွေထိ Ae လိုက်သွားကာ စာသင်ခန်းထဲဝင်ထိုင်နေသောကြောင့် အကုန်လုံးက ထူးဆန်းသလိုကြည့်တာလဲ ခံရသးသည်။

Pete ထိုကလေးကို ရှောင်လို့မရတာကြောင့် အတတ်နိုင်ဆုံးမသိချင်ယောင်သာဆောင်နေလိုက်ရသည်။ဒါပေမယ့်လဲ တစ်ဖြေးဖြေးနဲ့ တောက်တဲ့လိုလိုက်ကပ်နေတာကို Pete တစ်ကယ်စိတ်ညစ်လာသည်။

အခုလဲ Pete အကြီးတန်းတွေကိုစာသင်ရမည့်အချိန်ဖြစ်တာကြောင့် အခန်းထဲဝင်မလို့ပြင်နေတုန်း စီနီယာတွေကိုမခန့်သည့်ပုံဖြင့် အတန်းထဲဝင်ထိုင်နေသော Ae ကို လှမ်းတွေ့လိုက်သည်။

ဒါတော်သင့်ပြီ။ဒီကလေးက Pete ရဲ့သည်းခံနိုင်စွမ်းကို လာစမ်းနေတာဘဲ။

Just A Dare (Myanmar Translation)Where stories live. Discover now