Part 14

330 34 31
                                    

Zawgyi

ချစ်ဖို့ကောင်းတဲ့ ကားပေါ်ကချိန်းတွေ့မှုလေးအပြီးမှာတော့ Ae Pete ကိုအိမ်ပြန်ပို့ပေးခဲ့သည်။Pete စိတ်ထဲမှာအခု တော်တော်ပေါ့ပါးနေလေသည်။Ae ကိုဖုံးကွယ်ထားတာမျိုးဘာမှမရှိတော့၍ စိတ်ထဲမှာလေးပင်တဲ့ တာဝန်ကြီးတစ်ခုပြီးဆုံးသွားသလိုခံစားနေရသည်။

နောက်ရက်ကျတော့ Ae ဆီကိုတာဝန်တစ်ခုကျလာခဲ့သည်။မှောင်ခိုလောကဘက်မှာ ပြဿနာဖြစ်နေ၍ Ae သွားရှင်းပေးရမည့်ကိစ္စဖြစ်သည်။မသွားခင် Pete ကိုလဲသေချာပေါက်ပြန်လာခဲ့ပါ့မည်ဆိုတဲ့ကတိကိုပေးသွားကာ ထွက်သွားတော့သည်။သို့သော် စာမလာ သတင်းမကြားနဲ့ရက်တော်တော်ကြာသွားတော့ Pete စတင်ပြီးစိတ်ပူလာရတော့သည်။

နောက်ဆုံး P'Type တို့ကိုခွင့်တောင်းကာ Ae ရဲ့စံအိမ်မှာဘဲနေပြီး သူပြန်အလာကိုနေ့တိုင်း တံခါးဝကနေထွက်ထွက်စောင့်နေရတော့သည်။ထမင်းလဲမစား ရေလဲမသောက်ဘဲ ငူငူငိုင်ငိုင်နဲ့ စောင့်နေသော ဆရာဖြစ်သူရဲ့ကောင်လေးကိုလဲ အိမ်ကအခိုင်းအစေများက သနားရုံကလွဲလို့ ဘာမှလဲဝင်ပြောလို့မရပေ။

ပိုဆိုးသည်က ရက်အတော်ကြာမှ ရလာသည့်သတင်းတစ်ခု…

Ae တို့အဖွဲ့တိုက်ခိုက်ခံရပြီး ဂိုဏ်းသားတစ်ဦးသေဆုံးသွားခဲ့သည်တဲ့။အသက်ရှင်ကျန်တဲ့သူတစ်ချို့ကလဲ ဒဏ်ရာအပြင်းအထန်ရသွားကြသည်ဟု ဆိုလာသည်။

Pete ထိုသတင်းကြားထဲက အိမ်ပေါက်ဝမှာဘဲ ငုတ်တုတ်လေးထိုင်ရင်းငိုနေမိသည်။အတွေးလွန်တတ်တဲ့သူက ခေါင်းထဲမှာပေါက်ကရတွေ တွေးနေမိကာ တုန်လှုပ်နေမိတော့သည်။

"သခင်လေးး ခေါင်းဆောင်ပြန်လာပြီ"

ခြံဝကလှမ်းအော်သော အသံကြောင့် Pete ကိုယ်လေးဆတ်ခနဲဖြစ်ကာ မတ်တပ်ထရပ်မိသည်။လှမ်းကြည့်တော့ ခြံထဲကိုဝင်လာသော ကားတစ်စီး။

ကားပေါ်ကဆင်းလာသူက ဒဏ်ရာအပြည့်ဖြင့် သွေးများမှာလဲမြင်မကောင်းပေ။ဒါတောင် Pete ကိုပြုံးပြနေသေးသည်။ဘာကိုမှမစဉ်းစားတော့ဘဲ Pete Ae ကိုဆွဲဖက်ထားကာ ငိုတော့သည်။

ဘယ်လောက်တောင် စိတ်ပူနေခဲ့ရလဲ… ဘယ်လောက်ထိတောင်..

Ae ရင်ခွင်ထဲကနေ Pete ဒူးထောက်လျက်သားလေးပုံကျသွားတော့သည်။တင်းထားသမျှ စိတ်လျှော့ချလိုက်နိုင်၍ လူကအားတောင်ပြတ်ချင်သွားသည်။သို့ပေမယ့် Pete အားနည်းပြနေလို့မဖြစ်။Ae ကဒဏ်ရာတွေရထားသည်။Pete Ae ရဲ့ဒဏ်ရာတွေကို တုန်တုန်ချိချိ ဖြစ်နေသော လက်လေးနဲ့တို့ထိရင်းငိုနေရှာသည်။Ae ကလဲ Pete ကိုစိတ်မပူဖို့သာတဖွဖွပြောရင်းနှစ်သိမ့်နေ၏။သူတို့ခုထိ စံအိမ်ရဲ့အပြင်ဘက်သူတို့ဂိုဏ်းသားတွေရှေ့မှာဘဲရှိနေသေးသော်လဲ နှစ်ယောက်လုံးက ပတ်ဝန်းကျင်တောင် ဂရုမစိုက်နိုင်အောင် အလွမ်းသယ်နေကြလေသည်။ဒါကိုမြင်တဲ့ ဂိုဏ်းသားတွေကလဲ တပြုံးပြုံး။

Just A Dare (Myanmar Translation)Where stories live. Discover now