Part 33 + 34

294 15 30
                                    

Unicode

Warning : Mature Contents are included. So read it with your Own Risk n Enjoy... 🔞🔞

Ae ဘာလုပ်တော့မလဲဆိုတာ သိနေတာကြောင့် Pete မျက်မှောင်တွေကျုံ့ကာ စိုက်ကြည့်မိသည်။ဒါကို Pete လက်ကိုဆွဲပြီး ပိုကြီးတဲ့ အဝတ်လဲခန်းထဲဆွဲခေါ်သွားတာကြောင့် Pete မှာနောက်ကတခစ်ခစ်နဲ့ရယ်ရင်း ကျန်နေခဲ့တဲ့ ဝန်ထမ်းမလေးတွေကို စေ့စေ့တောင်မကြည့်ရဲ။

"Ae တော်လိုက်တော့နော် အခုရောက်နေတာ အပြင်မှာ အဲ့လိုတွေလုပ်လို့မရဘူး"

"မပူပါနဲ့ ဘယ်သူမှ ဘာမှမပြောဘူး အခုစိတ်အေးအေးထားပြီး အဝတ်တွေချွတ်"

Pete ခေါင်းခါပြတော့ Ae က Pete နားကိုကပ်လာကာ နံရံနဲ့ ကိုယ်ကြားညပ်ထားရင်း Pete နားရွက်လေးကို အသာဆွဲကိုက်ကာ တိုးတိုးလေးပြောလေသည်။

"ဘာတွေမျှော်လင့်နေတာဘဲ အဆိုးလေး ဒီမှာလုပ်လို့မရမှန်းတော့သိတာပေါ့ အိမ်မှာဘဲလုပ်မှာ အခု မင်းကိုဘာမှမလုပ်ဘူး ကိုယ်တိုင်းလေးယူရုံဘဲကို"

Pete Ae ရဲ့မျက်ဝန်းတွေထဲစိုက်ကြည့်တော့ ဆာလောင်နေသည့် ရမ္မက်တစ်မျိုးကိုတွေ့လိုက်ရသည်။ထိုအကြည့်တွေနဲ့သူက အခု ဒီကိစ္စကိုလုပ်တာ ဘာရည်ရွယ်ချက်မှမရှိဘူးလို့ပြောနေတာ ယုံချင်စရာကောင်းသည်လို့ Pete တော့မထင်ပါ။

Ae ရဲ့လှုပ်ရှားမှုတိုင်းကို Pete လိုက်ကြည့်နေသည်။Ae ကတံခါးဘက်ကိုသွားပြီး လော့ချလိုက်ကာ အခန်းထဲက ထိုင်ခုံတစ်ခုတွင် ခြေချိတ်ထိုင်ကာ Pete ကိုကြည့်လာသည်။

"ချွတ်တော့"

အမိန့်ဆန်ဆန် အသံခပ်သြသြက Ae ဘာပွဲကိုကစားနေလဲဆိုတာကို ရိပ်မိသွားစေသည်။သူက Pete ရဲ့အလိုဆန္ဒအလျောက် တောင်းဆိုလာအောင် လုပ်မှာဖြစ်မည်။သို့သော် ပွဲမစခင်တည်းက Pete ရဲ့ခံနိုင်ရည်အစွမ်းကို Pete ကိုယ်တိုင်ဘဲ သိသည်။

Ae ရှေ့မှာ အဝတ်တွေတစ်ထပ်ချင်းချွတ်နေရသည်က ပါးပြင် ၂ ဖက်ကို ပူလာစေသည်။အဝတ်မပါဘဲ အကြိမ်ပေါင်းများစွာ မြင်ဖူးသည်ဆိုသော်လဲ ဘယ်အချိန်ဖြစ်ဖြစ် ဒီလိုအခြေအနေက Pete အတွက်တော့ မျက်နှာပူစရာပင်။

Just A Dare (Myanmar Translation)Where stories live. Discover now