Zawgyi
ဒီလက်ထပ်ပွဲကို ဘယ်လိုရပ်ပစ်လိုက်ရမလဲ Pete မစဉ်းစားတတ်တော့ပေ။အဖေကလဲ ကျွန်တော့်စကားကိုလုံးဝနားထောင်ပေးမယ့်သူမျိုးမဟုတ်ဘူး။အခု Ae မဟုတ်တဲ့ တစ်ခြားတစ်ယောက်ကို လက်ထပ်ရတော့မယ်ဆိုတဲ့အတွေးကြီးက ကျွန်တော့်ကိုသတ်နေလေသည်။ညကလဲ တစ်ညလုံးထိုအတွေးကြောင့်ဘဲငိုနေရပြီး အိပ်လို့တောင်မရခဲ့။
Ae ကဘာလို့ ကျွန်တော့်အပေါ်အဲ့လောက်တောင်စိုးမိုးနိုင်ရတာလဲ။ကျွန်တော်သူ့ကိုမေ့ပစ်ဖို့ ကြိုးစားနေတဲ့အချိန်မှာမှ Zee ကိုလက်ထပ်ဖို့လုံးဝသေချာနေခဲ့တဲ့အချိန်တွေမှာမှ သူ့ရဲ့ဖွင့်ဟပြောလာတဲ့ စကားလုံးတွေနဲ့ ကျွန်တော့်စိတ်ကို အနိုင်ယူသွားပြန်တယ်။
အခုခန်းမရဲ့တံခါးဝမှာရပ်နေပေမယ့် ဒီမင်္ဂလာပွဲက ကျွန်တော့်တစ်ဘဝလုံးမှာ စိတ်ကူးယဉ်ခဲ့ရတဲ့ပုံစံနဲ့မတူအောင်ကို နှလုံးသားတစ်ခုလုံးကနာကျင်လို့နေသည်။ကိုယ့်ဘေးမှာရပ်နေမယ့်သူက ကိုယ်ချစ်တဲ့သူမဟုတ်ဘူးဆိုတဲ့အတွေးက Pete ကိုမျက်ရည်ပါဝဲလာစေတော့သည်။
တကယ်ဆို အဖေ့ကိုဆန့်ကျင်နိုင်ဖို့ သတ္တိလေးနည်းနည်းလောက်ရှိဖို့ဘဲလိုခဲ့တာပါ။ဒါပေမယ့် ကျွန်တော်မလုပ်နိုင်ခဲ့ဘူးလေ။ကျွန်တော်က အဲ့ဒီ့လို အရှုံးသမားတစ်ယောက်ဘဲ။ဘာမှ အသုံးမကျတဲ့လူတစ်ယောက်။ကိုယ့်အချစ်အတွက် ကိုယ်ရပ်တည်ရမယ့်ကိစ္စမှာတောင် သွေးကြောင်နေတဲ့ကောင်သာသာဘဲ။ကံတရားဆိုတာကလဲ ကျွန်တော့်ဘဝမှာ အခွင့်အရေးလေးတစ်ခါတောင်ပေးခဲ့ဖူးခြင်းမရှိ။နောက်ဆုံးတော့လဲ ကျွန်တော်က သူတို့ကြိုးဆွဲရာကရမယ့် အရုပ်တစ်ရုပ်သာသာအဆင့်ဘဲလေ။
မင်္ဂလာတီးလုံးသံဟာ ခန်းမထဲလွင့်ပျံလာတာနဲ့တစ်ပြိုင်နက် Pete ရှေ့ကခန်းမတံခါးကြီးကလဲပွင့်သွားလေသည်။ပွဲခင်းထဲက လူပေါင်းများစွာရဲ့အကြည့်တွေက Pete ဆီမှာဖြစ်တာကြောင့် မျက်ဝန်းထဲက ဝေ့ဝဲနေတဲ့ မျက်ရည်ကိုမမြင်အောင် မျက်လွှာလေးအသာချလိုက်သည်။သတိုးသားဖြစ်သူက လျှောက်လမ်းအဆုံးမှာ Pete ကိုရပ်ကြိုစောင့်နေပေမယ့် Pete ခြေလှမ်းတွေကိုမလှမ်းချင်ခဲ့ပေ။
YOU ARE READING
Just A Dare (Myanmar Translation)
FanfictionThis story may have mature scenes so read it with your own risk ❤️ I don't owned this story and character! All rights is goes to Author @U_R_Girl