Part 12

308 32 75
                                    

Zawgyi

အဖေ့ကို တွေ့ရတော့မယ်ဆိုတဲ့စိတ်က Pete ငရဲကျတာထက်ပင်ပိုဆိုးသွားသလိုခံစားနေရသည်။သူကအခုမှ ရုတ်တရပ်ကြီး ဘာအတွက်နဲ့ရောက်လာရတာလဲ။ဒီကြားထဲ ဟိုအရူးလေးလုပ်လိုက်တာ လူကလမ်းတောင်သေချာမလျှောက်နိုင်တော့ပေ။အားလဲ တစ်စက်မှမရှိတော့ပေမယ့် Pete ပုံမှန်အနေအထားဖြစ်အောင် မနည်းလုပ်ယူနေရသည်။Ae အကြောင်းကို အဖေသိသွားလို့လုံးဝမဖြစ်။

Pete အိမ်ထဲဝင်ခါနီး တစ်ကိုယ်လုံးကိုသေသေသပ်သပ်ဖြစ်အောင်လုပ်ရင်း အသက်ကိုပုံမှန်အနေအထားလောက်ဖြစ်အောင် ရှူပြီးမှ အထဲကိုခြေလှမ်း လှမ်းတော့သည်။

အိမ်ထဲဝင်ဝင်ချင်းမှာပင် မှန်တစ်ချပ်ရှိနေတာကြောင့် Pete လှမ်းကြည့်လိုက်မိသည်။ထိုအချိန် မြင်နေရသော ရင်ဘတ်ပေါ်က အမှတ်အသားတစ်ချို့ကြောင့် ခုနကိစ္စတွေက Pete ခေါင်းထဲပြန်ပေါ်လာလေသည်။အနည်းငယ်ပေါ်နေတဲ့ အမှတ်အသားတွေကို အကျီ င်္ကြယ်သီးအပြည့်တပ်ကာ ဖုံးလိုက်ပြီး ဧည့်ခန်းထဲဝင်လာတော့ ထိုင်ပြီးဖုန်းပြောနေသည့် အဖေဖြစ်သူနဲ့တန်းတိုးတော့သည်။P'Type ကတော့ ကော်ဖီခွက်ချကာ အဖေ့ရှေ့တွင် ထိုင်နေသည်။

Pete လဲတိတ်တိတ်လေး ဝင်သွားပြီး P'Type ရဲ့ဘေးမှာဘဲထိုင်ကာ အဖေဖုန်းပြောပြီးထဲထိစောင့်နေလိုက်သည်။ကိုယ့်ကိုယ်တိုက်ရိုက်ပြောနေတာမျိုးမဟုတ်တာတောင် အဖေ့အသံကြားနေရုံနဲ့ Pete လက်ဖျားလေးတွေအေးစက်လာပြီး တုန်လာတာကြောင့် လက်နှစ်ဖက်ကို မသိမသာဖိပွတ်နေရသည်။Pete ထိုလူနဲ့ အကြည့်ချင်းပင်မဆုံရဲပေ။ဖုန်းချသံကြားပြီးနောက်မှာ အဖေက Pete ကိုစိုက်ကြည့်လာသည်။

"မင်း ကျောင်းဆရာလုပ်နေတယ်လို့ ကြားတယ် ငါ့စကားကို မင်းဘာလို့နားမထောင်တာလဲ အရူးကောင်ရဲ့ အခုလုပ်နေတာတွေ အကုန်ထွက် မင်းငါ့စီးပွားဖက်တစ်ယောက်ရဲ့ သားနဲ့ လက်ထပ်ရမယ်"

ကြားလိုက်ရသည့်စကားကြောင့် Pete မျက်လုံးများပြူးကျယ်သွားကာ အလန့်တကြားလှမ်းကြည့်မိသည်။Pete သိသည်။သူက အကြောင်းမရှိဘဲ ဒီလိုပေါ်လာမှာမဟုတ်ဘူး အထူးသဖြင့် Pete ကိုအသုံးချစရာနေရာရှိလို့သာ ဒီလိုပေါ်လာတာ။

Just A Dare (Myanmar Translation)Where stories live. Discover now