Part 23

321 22 52
                                    

Zawgyi

Ae တစ်ယောက်ဖုန်းဆက်ပြီး ခြိမ်းခြောက်လာတဲ့လူကိုမမိသေးတာကြောင့် တစ်ခြားဘာကိုမှအာရုံစိုက်မရဘဲ စိတ်တွေရှုပ်နေလေသည်။ထိုလူက Ae ရဲ့ပြိုင်ဖက်ဖြစ်တဲ့သူ။ဒီလောကသားတွေကတော့ သူ့ကို Black Dragon လို့လူသိများကြတယ်။Ae တို့လုပ်ငန်းနဲ့တန်းတူဘဲ ကမ္ဘာတစ်ဝှမ်းမှာ သူ့မှောင်ခိုဈေးတွေ ဖြန့်ကျက်ထားလေ့ရှိသည်။သူက ပိုက်ဆံရရင် ရတဲ့ဟာအကုန်ရောင်းဝယ်သည်။မူးယစ်ဆေးတွေ စိတ်ကြွဆေးတွေပြင် တရားမဝင်လက်နက်တွေနဲ့ လိင်ကျွန်အဖြစ် လူတွေကိုပါရောင်းဝယ်တတ်သည်။

Ae ကအရင်တုန်းက သူနဲ့ဖက်စပ်လုပ်တဲ့ လုပ်ငန်းပါတနာတွေဖြစ်ခဲ့ဖူးကြသည်။အဲ့အချိန်တုန်းက Ae ကသူ့ရဲ့လက်နက်ရောင်းဝယ်ရေးပိုင်းကို လိုချင်လို့ သူ့ကိုကပ်ပေါင်းရင်း တစ်ဖက်မှာလဲ ရဲတွေဆီကို Black Dragon ရဲ့ တရားမဝင်အလုပ်တွေအကြောင်း သက်သေနဲ့တကွ ပေးထားခဲ့သည်။အဲ့အတွက် ရလဒ်အနေနဲ့ သူကထောင်ကျသွားခဲ့ပြီး သူ့လုပ်ငန်းတစ်ချို့ဟာ Ae လက်ထဲရောက်လာခဲ့သည်။

Ae ကိုယ်တိုင်ကလဲ မကောင်းတဲ့ တရားမဝင်အလုပ်တွေလုပ်တယ်ဆိုပေမယ့် Ae ကအစိုးရ ရဲဘက်တွေကို အများကြီးလဲကူညီပေးခဲ့သည်။အတိုင်းထက်လွန် အန္တရာယ်များနေတဲ့ ဂိုဏ်းတွေကိုဆို Ae ရဲ့လက်ချက်နဲ့ဘဲ ရဲတွေအမိဖမ်းနိုင်ခဲ့ကြသည်။အဲ့တာကြောင့် အပြန်အလှန်အနေနဲ့ Ae လုပ်နေတဲ့အလုပ်တွေကို အစိုးရဘက်ကလဲ မျက်ကွယ်ပြုထားပေးသည်။Ae ကြောင့်ထောင်ထဲရောက်ခဲ့ရတဲ့ အန္တရာယ်ရှိတဲ့လူတွေကအများကြီးပင်။သူတို့အကုန်လုံးက Ae ကိုမုန်းတီးနေကြတာဆိုပေမယ့် သူတို့ဘဝက ထောင်ထဲမှာဘဲ သေတဲ့ထိနေရတော့မှာမို့ Ae သိပ်ပြီး စိတ်ထဲထားမနေခဲ့။ဒါပေမယ့် Black Dragon ကကျ ထောင်ဖောက်ပြေးလာမယ်လို့ Ae မထင်ထားမိခဲ့ခြင်းဖြစ်သည်။အခုတော့ သူထောင်ကလွတ်လာပြီး ပထမဆုံး ပစ်မှတ်ဖြစ်လာသူက Ae ကိုယ်တိုင်ဖြစ်နေလေ၏။

အရင်လိုသာဆို Ae ဘာကိုမှဒီလောက်ထိစိုးရိမ်နေမှာမဟုတ်ပါ။ကိုယ့်ကိုပစ်မှတ်ထားလာရင် လာမယ့်ဘေးပြေးတွေ့ရုံဘဲ။ဒါပေမယ့် အခုသူခြိမ်းခြောက်လာတာက Ae ရဲ့အကြောက်ဆုံး အားနည်းချက်ဖြစ်တဲ့ Pete ကိုပင်။Pete ကိုထိခိုက်ရင် Ae ကိုယ်တိုင်ပါ ပြိုလဲသွားမယ်ဆိုတာကို ဒီကောင်သိထားသည်။

Just A Dare (Myanmar Translation)Where stories live. Discover now