Part 25

252 28 15
                                    

Zawgyi

Ae ဆီကို mall ရောက်နေပြီဖြစ်ကြောင်း စာပို့ပြီး Pete ဆိုင်တစ်ဆိုင်မှာဝင်ရင်း အကျီ င်္လေးတွေဝင်ရွေးနေတော့သည်။

"ဟေးး အရုပ်လေး မတွေ့တာကြာပြီနော်"

နောက်ဘက်နားဆီမှထွက်လာတဲ့အသံကြောင့် အကျီ င်္ကိုကိုင်နေတဲ့ Pete လက်တွေတင်းကျပ်သွားကာ တစ်ကိုယ်လုံးကြောက်စိတ်တွေဖြတ်ပြေးလာတော့သည်။

ဒီအသံ… ဒီအသံကိုသူမမှတ်မိဘဲနေမလား။အဲ့တာသူဘဲ Pete ကိုငရဲတွင်းထဲဆွဲခေါ်ခဲ့တဲ့သူ။Pete ကြောက်လွန်းလို့ ခြေထောက်တွေပင်ခွေကျမတတ်ဖြစ်နေခဲ့သည်။

ထိုအချိန် Pete ခါးကိုလာကိုင်ကာ အကျီ င်္အောက်ထဲလက်လျှိုဝင်ပြီး Pete ကိုပွတ်သပ်နေသူကြောင့် ရွံရှာစိတ်ဖြစ်မိပေမယ့် သူ့လက်တွေထဲကနေ နည်းနည်းလေးတောင်မရုန်းရဲပေ။တစ်ခြားလူသာဆို Pete ဆောင့်တွန်းပြီး ထွက်ပြေးလိုက်မှာဆိုပေမယ့် အဲ့လူဆီမှာတော့ Pete ခြေထောက်တွေက ပြေးမရအောင်ကို တုန်ယင်နေပြီးသားဖြစ်သည်။

"စိမ်းကားလိုက်တာကွာ ကိုယ့်ကိုလှည့်တောင်မကြည့်ဘူးလား"

Pete ကိုခါးကနေကိုင်ပြီး သူ့ဘက်ကိုဆွဲလှည့်လိုက်တော့ သူ့မျက်လုံးတွေနဲ့ Pete အကြည့်ချင်းဆုံသွားရသည်။

ကြောက်တယ်.. ကြောက်တယ်.. အဲ့မျက်လုံးတွေက Pete အတိတ်မှာဖြစ်ပျက်ခဲ့သမျှ ငရဲတမျှဆိုးလှတဲ့အဖြစ်အပျက်တွေကို သတိပြန်ပေးနေသလိုဘဲ။သူကဘာလို့ Pete ရှေ့ကိုထပ်ပေါ်လာရတာလဲ။

Pete ကိုသူကဆွဲဖက်ထားတုန်း Pete အတုန်တုန်အယင်ယင်နဲ့ဖုန်းကို ခိုးထုတ်ကာ စာပို့ပြီး အကူအညီတောင်းဖို့လုပ်ကြည့်သေးသည်။သို့သော် သူက Pete လက်ထဲကဖုန်းကို ဆတ်ခနဲဆွဲယူသွားပြီး Pete လက်တွေကိုပါချုပ်ထားတော့သည်။

"အာ.. ကိုယ့်ဆီကပြေးဖို့ကြံတယ်ပေါ့ ဘာလဲဝေးကွာနေတော့ မေ့နေတာလား ကိုယ့်ဆီကပြေးဖို့ကြံရင် မင်းကိုဘာလုပ်လဲဆိုတာ သတိပြန်ပေးရအုန်းမလား"

အဝတ်စတစ်ခုအုပ်ထားသည့် သေနတ်က Pete ရဲ့ကျောကိုလာထောက်ထားတာကြောင့် Pete မျက်ရည်တွေကျလာကာ ခေါင်းကိုအောက်စိုက်ထားတော့သည်။

Just A Dare (Myanmar Translation)Where stories live. Discover now