(T\N- တစ်ခုပြောပါရစေ ဒီ Fic ထဲမှာ Ae ခေါ်တဲ့နာမည်တွေက မတရား sweet လွန်းလို့ မြန်မာလိုတိုက်ရိုက်ဘာသာပြန်ဖို့အဆင်မပြေပါဘူး အဲ့တော့ သူခေါ်တဲ့အတိုင်းဘဲရေးပေးတော့မယ်နော် )
Zawgyi
Pete POV:
သူ့ကိုစာသင်ပေးဖို့ဘာလို့များလက်ခံမိလိုက်တာပါလိမ့်.. ဘာာဘဲဖြစ်ဖြစ် Pete မင်းစိတ်ကိုထိန်းရမယ် သူ့ရဲ့ထောင်ချောက်တွေထဲထပ်မရောက်စေနဲ့တော့။ဟုတ်တယ်.. ငါလုပ်နိုင်ပါတယ်။
Pete အသက်ကိုဝဝရှူလိုက်ကာ ခြံထဲဝင်လာလိုက်သည်။
"ကိုယ့်ရဲ့ Pete လေးတောင်ရောက်လာပြီဘဲ ကြိုဆိုပါတယ်"
အဲ့အရိုင်းအစိုင်းက အခု ငါ့ကိုနာမည်တပ်ပြီးခေါ်လိုက်တာလား??!
"ဒီမှာ ငါမင်းရဲ့ဆရာနော် မင်းမှာအဲ့လိုခေါ်ခွင့်မရှိဘူး"
ကျွန်တော်တို့ ၂ ယောက်ကြားက ဆက်ဆံရေးကိုသူ့ကိုပြန်သတိပေးပြီး စာအုပ်ကိုခပ်တင်းတင်းဆုပ်ကိုင်ကာ အိမ်ထဲဝင်လာလိုက်သည်။ထူးဆန်းလိုက်တာ ဒီလောက်ကြီးတဲ့ အိမ်ကြီးထဲမှာ အပ်ကျသံတောင်မကြားရဘူး လူတွေဘယ်ရောက်နေတာလဲ။
"မင်းမိဘတွေရော"
သူ့ကိုမေးလိုက်သည့်အသံကနည်းနည်းတောင်တုန်သွားသည်။ဒါပေမယ့်လဲ မမေးလို့မဖြစ် ဒီနေရာနဲ့ပက်သက်ပြီး စိတ်ထဲမကောင်းသည့် ခံစားချက်မျိုးရနေသောကြောင့်ဖြစ်သည်။
"သူတို့က နိုင်ငံခြားမှာနေတာ ဒီမှာက ကိုယ်တစ်ယောက်တည်းနေတာလေ ဘာလို့လဲ ကိုက်စားမှာကြောက်လို့လား baby boy လေးရဲ့"
Ae ဆီမှာ သူ့ကိုခေါ်ဖို့နာမည်ပြောင်တွေဘယ်နှစ်ခုလောက်ရှိနေတာလဲ။ကိုယ့်ဟာကိုသာ ပိတ်ရိုက်လိုက်ချင်တော့တယ်။အိမ်မှာစာသင်မယ်ဆိုတော့ အနည်းဆုံးတော့ သူ့မိဘတွေရှေ့ မဟုတ်တာမလုပ်ရဲလောက်ဘူးလို့ဘဲ ထင်ပြီးလာမိကာမှ အခုကျားဂူထဲ ကျားတစ်ကောင်နဲ့ ၂ ယောက်တည်းအတူရှိနေရသည်တဲ့။
"မင်းပါးစပ်ကိုပိတ်ထားလိုက်တော့ ငါတို့စာစသင်မယ်"
Pete sofa တွင်ဝင်ထိုင်လိုက်ကာ စာအုပ်တွေကို စားပွဲပေါ်ချလိုက်သည်။Ae ကတော့ စိတ်ပျက်သွားသည့်ပုံဖြင့် ဘေးတွင်ဝင်ထိုင်လာသည်ကို Pete တွေ့လိုက်ရသည်။
YOU ARE READING
Just A Dare (Myanmar Translation)
FanfictionThis story may have mature scenes so read it with your own risk ❤️ I don't owned this story and character! All rights is goes to Author @U_R_Girl