Part 8

319 29 59
                                    

Zawgyi

Ae ကို Pete နှုတ်ဆက်ပြီး အိမ်ကိုပြန်လာခဲ့သည်။လမ်းတစ်လျှောက် ကိုယ့်ကိုယ်ကိုတောင် သတိမထားမိဘဲ ပြုံးနေမိတာ Pete တစ်ယောက်မသိပေ။P'Tharn ကတော့ ပြုံးပြီးပြန်လာတဲ့ တယောက်ကိုကြည့်ရင်း သူ့လုပ်ရပ်မှန်တယ်လို့သာယူဆနေတော့သည်။Pete လည်ပင်းက အနီရောင် အမှတ်တွေကိုတော့ ရှက်မှာစိုးလို့ မမေးဘဲထားလိုက်သည်။

Pete ကနောက်ရက်ကျောင်းပြန်တက်တော့ ၂ ယောက်လုံးကြားမှာ တိတ်ဆိတ်နေလေသည်။အတန်းပြီးတဲ့ထိ Ae Pete ကိုသာလိုက်ကြည့်နေမိသော်လဲ စကားဘယ်လိုစရမလဲမသိပေ။Ae ခေါင်းထဲကြီးစိုးနေတာ "ဘာကြောင့်လဲ" ဆိုတာနဲ့ အဆုံးသတ်တဲ့မေးခွန်းတွေဖြစ်သည်။

သူ့သူငယ်ချင်းတွေကို အခုထိလောင်းကစားကိစ္စမှာ သူနိုင်သွားပါပြီဆိုတဲ့အကြောင်းကို မပြောပြရသေးဘူး… ဘာကြောင့်လဲဆိုရင်တော့ သူကိုယ်တိုင်လဲမသိဘူးဖြစ်နေသည်။

"ကဲ ဒီနေ့တော့ ဒီလောက်ဘဲနော် ခုနဆရာပေးခဲ့တဲ့ အိမ်စာတွေကို တစ်ချက်သေချာပြန်လုပ်ခဲ့ကြနော်"

Pete ရဲ့လည်ပင်းပေါ်က အနီရောင်ခပ်မှိန်မှိန်အရာလေးတွေကို Ae စူးစိုက်ကြည့်နေလေသည်။အဲ့တာတွေက မြန်မြန်မှိန်သွားတာလား ဒါမှမဟုတ် Pete ကအဲ့တာကိုဖုံးဖို့လုပ်ခဲ့တာလား ဘာကြောင့်လဲသူမသိပေမယ့် စိတ်ထဲကတော့ မှတ်ထားလိုက်သည်။နောက်တစ်ခါကျရင် အကြာကြီးခံမယ့် အမှတ်အသားမျိုးပေးပစ်မယ် သူဖုံးဖို့မလွယ်တဲ့မျိုးပေါ့

Ae ကိုယ့်အတွေးနဲ့ကိုယ်ပြုံးနေပြီးကာမှ တစ်ခုခုကိုသတိထားမိပြီးရုပ်ပြန်တည်သွားရသည်။

သေစမ်း Ae ရပ်လိုက်တော့!!
နောက်တစ်ကြိမ်?? ဘာလို့လဲ ဘာလို့ငါကနောက်တစ်ကြိမ်ဆိုတဲ့ ကိစ္စကိုတွေးနေရတာလဲ

Ae ကိုယ့်စိတ်ကိုပြန်ကျိန်ဆဲနေမိသည်။ဘယ်လိုဘဲပြောပြော Ae ကသူ့စိတ်ကို သူတောင်ထိန်းနိုင်တာမဟုတ်။Pete ကိုမြင်လိုက်တိုင်း ဆူပွက်လာတဲ့သွေးသားတွေက  သူ့ကို လိုချင်ပြီးရင်းလိုချင်လာအောင် လုပ်နေလေသည်။အဲ့တာက ၂ ယောက်လုံးကို အဆုံးမှာ နာကျင်မှုဆီတွန်းပို့မယ်ဆိုရင်တောင် Ae ဂရုစိုက်မိမှာမဟုတ်။

Just A Dare (Myanmar Translation)Where stories live. Discover now