Unicode
အချိန်တွေတစ်ရွေ့ရွေ့နဲ့ကုန်ဆုံးသွားကြတာ Pete တို့ရဲ့အိမ်ထောင်သက်တောင် ၅ နှစ်ကျော်လာကြသည်။ဒီ ၅ နှစ်အတွင်းမှာ Pete ပျော်ရွှင်စရာတွေချည်းသာ Ae ဆီကရခဲ့သည်။အရင်ကမရခဲ့တဲ့ နွေးထွေးမှုတွေ အချစ်တွေအကုန် Ae ကပေးသည်။တစ်ခါတစ်လေတော့ စိတ်ချင်းမတိုက်ဆိုင်ဘဲ ရန်ဖြစ်ကြတာမျိုးရှိပေမယ့်လဲ ဒါက လက်ထပ်ခြင်းရဲ့ တစ်စိတ်တစ်ပိုင်းဘဲမလာ။သူတို့အချင်းချင်း ရန်တစ်ခါဖြစ်ပြီး ပြေလည်သွားတိုင်း နှစ်ယောက်ကြားက အချစ်တွေကပိုခိုင်မြဲလာလေသည်။
Ae ကတော့အမြဲတမ်းတွေးနေမိတာ ဒီနတ်သားလေးရောက်လာပြီး သူ့ဘဝကို အမှောင်ထဲကနေ ဆွဲထုတ်ပေးခဲ့တာကြောင့် သူက ဒီကောင်လေးနဲ့တန်တောင်မတန်ဘူးလို့တွေးနေမိတုန်းပင်။အဓိပ္ပါယ်မရှိတဲ့လုပ်ရပ်တွေနဲ့ သူ Pete ကိုဆုံးရှုံးရမလိုထိတောင် ဖြစ်သွားခဲ့ရသည်။ဘာဘဲဖြစ်ဖြစ် နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်တူတူရှိရင်း အဆုံးသတ်ကြသည်ဘဲလေ။ဒါကအရေးကြီးဆုံးအချက်ပင်ဖြစ်သည်။
Ae ရဲ့အချစ်တွေက Pete အတွက်ဆို ဘာမဆိုလုပ်ပေးဖို့အဆင်သင့်ဖြစ်နေခြင်းပင်။အရင်ကတော့ သူဟာ တစ်ယောက်ယောက်ကို ချစ်မိသွားလိမ့်မယ်လို့ လုံးဝမတွေးထားသော်လဲ တကယ်ချစ်မိခဲ့သည်။ပြီးတော့ ထိုအချစ်ရဲ့ ကျေးကျွန်ကြီး လုံးလုံးပါဖြစ်သွားရသည်။
" Babe ကောင်းကင်ကပြုတ်ကျလာတော့ နာလား"
Ae ရဲ့ဒီအသဲယားစရာ စကားတွေပြောတဲ့ အကျင့်ကစလာပြန်ပြီ။
" ဟွန်းး တော်တော်ကိုဟောင်းနေတဲ့ ခြွေနည်းဘဲနော် အဲ့တာ"
"ဟုတ်လား ဒါဆို ဒါကော မင်းကကိုယ့်ရဲ့နောက်ဆုံးထွက်သက်ထိ တမ်းတနေမယ့်သူဆိုတာမျိုး"
"တော်ပါတော့ အဲ့တာတွေပြောမနေဘဲ ဘာလိုချင်လဲသာပြောလိုက်ပါတော့"
ဒီနေ့ကနားရက်ဖြစ်တာကြောင့် ၂ ယောက်လုံးအားနေကာ ဆိုဖာပေါ်တွင်လှဲအိပ်ရင်း Ae ကနောက်ကနေ Pete ကိုဖက်ထားရင်း တီဗီကြည့်နေကြတာဖြစ်သည်။
"ကိုယ့်ယောကျာ်းကတော်လိုက်တာ ဘာလိုချင်နေလဲဆိုတော့လေ ကလေးတွေဆိုရင်ကော"
YOU ARE READING
Just A Dare (Myanmar Translation)
FanfictionThis story may have mature scenes so read it with your own risk ❤️ I don't owned this story and character! All rights is goes to Author @U_R_Girl