Part 26 + 27

314 27 27
                                    

Zawgyi

တိုတယ်ဆိုလို့ နှစ်ပိုင်းပေါင်းတင်ပေးမယ်နော်

Pete တစ်ယောက်မှောင်မည်းနေတဲ့ထိုအခန်းလေးထဲမှာဘဲနေရင်းငိုနေမိကာ ဘာဆက်လုပ်ရမလဲစဉ်းစားမရပေ။ဘေးဘီကိုလှည့်ပတ်ကာ အကူအညီဖြစ်လောက်မည့်တစ်ခုခုကိုရှာကြည့်ပြန်တော့လဲ ကျောက်ခဲအကျိုးအပဲ့တွေကလွဲလို့ ဘာတစ်ခုမှမရှိပေ။Pete လဲနောက်ဆုံး ကြံရာမရ၍ ထိုကျောက်ခဲတစ်လုံးကိုယူကာ ကြမ်းပြင်ပေါ်တွင် Ae အမြန်လာကယ်ဖို့စာတစ်ချို့ကိုထွင်းနေခဲ့သည်။သို့သော် Pete မသိလိုက်သည်က သူ့ကို Trump ကစောင့်ကြည့်နေသည်ဆိုတဲ့အချက်ပင်။

Pete ရဲ့လှုပ်ရှားနေမှုကိုတွေ့တာနဲ့ Trump ဒေါသတကြီးနဲ့ရောက်ချလာကာ Pete ကိုဆောင့်ဆွဲပြီး နံရံနဲ့သူ့ကြားညှပ်ထားလိုက်တော့သည်။

"Ae ကမင်းကို ကုတင်ပေါ်မှာဘယ်လောက်ထိတောင်ကောင်းပေးထားလို့ မင်းကသူ့ကိုတမ်းတမ်းစွဲဖြစ်နေတာလဲ အတိတ်မှာတုန်းက မင်းငါ့အောက်မှာနေပြီး အပျက်ကောင်လို ညည်းညူနေခဲ့တာတွေကို မေ့သွားတာလား ပြန်မှတ်မိအောင် ငါလုပ်ပေးရမလား"

ပြောရင်း Pete အကျီ င်္တွေကိုဆွဲဖြဲလာသူကြောင့် Pete ငိုကာရုန်းကန်ရင်း Trump ကိုတွန်းထုတ်ထားတော့သည်။

"မ.. မလုပ်ပါနဲ့ အီးဟီး… ဟင့် တောင်း.. တောင်းပန်ပါတယ် ကျွန်တော်ထွက်မပြေးတော့ဘူး ဘာမှလဲမလုပ်တော့ပါဘူး P'Trump စကား ဟင့် နား..နားထောင်ပါ့မယ် မလုပ်ပါနဲ့အဲ့လို"

သို့သော် Trump ကနားမထောင်ဘဲ Pete မျက်နှာကိုဆုပ်ကိုင်ရင်း နမ်းဖိုးလုပ်နေတာကြောင့် Pete ဒူးနဲ့ Trump ဗိုက်ကိုကန်မိလိုက်တော့သည်။အထိနာသွားပုံရကာ Pete ကိုလွှတ်ပေးလာပြီးဒေါသလဲထွက်သွားပုံပင်။

"အပျက်ကောင်!"

ဖြန်း!!

လက်ပြန်တစ်ချက်နဲ့ရိုက်ချလိုက်တာ အားတော်တော်ပါသွား၍ Pete ကြမ်းပြင်ပေါ်ပြုတ်ကျသွားပြီး သတိပါလစ်သွားတော့သည်။ထိုကျမှ Trump လဲစောင့်ကြည့်ခန်းထဲကိုပြန်လာခဲ့သည်။

"ဆရာ ကျွန်တော်တို့နေရာကို Ae ခြေရာခံမိသွားပြီ"

"ဘာ!! ဘယ်လိုလုပ်ပြီးလဲ ငါဖုန်းကိုလွှင့်ပစ်ခဲ့ပြီးပြီလေ"

Just A Dare (Myanmar Translation)Where stories live. Discover now