Zawgyi
Ae အိမ်ပြန်လမ်းတစ်လျှောက်လုံးစိတ်ရှုပ်ထွေးနေခဲ့သည်။သူဘာလို့ Pete ကိုစနေရတာကိုပျော်နေတာလဲ။Pete ကိုပိုပိုပြီးစချင်နေသေးသည်။သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကမကြာခင်မှာ အဆုံးသတ်တော့မှာ သေချာနေသည်လေ။ဒါပေမယ့် အဲ့လိုဖြစ်လာမှာကို Ae ကြောက်နေမိသလိုပင်။
Ae တစ်ကယ်ကြောက်နေတဲ့အရာက Pete နဲ့ဆက်ဆံရေးအဆုံးသတ်သွားမှာတစ်ခုတည်းကိုမဟုတ်ဘဲ သူ့စိတ်ထဲကဖြစ်ပေါ်နေတဲ့ ခံစားချက်ကိုပါ ကြောက်နေတာဖြစ်သည်။သူဒါကို မငြင်းပယ်နိုင်သလို လက်လဲလက်မခံနိုင်ဖြစ်နေသည်။အလောင်းအစားလုပ်ထားရာမှာ သူနိုင်သွားပြီလို့ သူငယ်ချင်းတွေကိုပြောပြရင်း Pete နဲ့ဆက်ဆံရေးကို အဆုံးသတ်သင့်နေသည့်အချိန်ကိုရောက်နေပြီဖြစ်သော်လဲ Ae မလုပ်နိုင်ပေ။သူ့သူငယ်ချင်းတွေက အလောင်းအစားကြောင်းမေးလာသည့် အချိန်တိုင်း Ae ရှောင်ထွက်လာလေ့ရှိသည်။ဘာလို့လဲ… သူဘာလို့ ဒီဆက်ဆံရေးကို အဆုံးသတ်လိုက်ဖို့ တွန့်ဆုတ်နေရတာလဲ…
*Ring Ring*
ထိုအချိန်တွင် ထွက်ပေါ်လာသည့်ဖုန်းသံက Ae ကိုအတွေးတွေထဲကဆွဲထုတ်ပေးလိုက်တော့သည်။
တစ်ဖက်တွင်တော့ Pete တစ်ယောက်က ကုတင်ပေါ်တွင် လှိမ့်နေကာ နေ့လည်ကကျောင်းတွင်ဖြစ်သွားသောကိစ္စကိုပြန်တွေးရင်း အော်ရယ်နေတော့သည်။
Ae ကိုကျေးဇူးတင်ပါတယ် သူ့ကြောင့် အခုအဲ့အိပ်မက်ဆိုးကိုမေ့သွားရပြီ ဟားဟားဟား အတန်းထဲ ဖြစ်နေတဲ့ရုပ်ကကွာ ဟားးဟား
Pete ရယ်နေတုန်း ဖုန်းထဲက စာဝင်လာသံကြောင့်ကြည့်လိုက်တော့ Ae ဆီကဖြစ်သည်။
"နှာဘူး" လို့သူ့ဖုန်းနံပါတ်ကိုမှတ်ထားတာကြောင့် နာမည်မြင်ပြီး Pete ထပ်ရယ်မိသွားသည်။
နှာဘူး - ဒီနေ့ အလုပ်လေးပေါ်လာလို့ ညနေ စာသင်ရင်းလုပ်မယ့်အစီအစဉ်လေးက အဆင်မပြေလောက်တော့ဘူး နေ့လည်တုန်းကတော့ ပျော်စရာကောင်းခဲ့ပါတယ်… ဒီည ကိုယ့်ကိုအိပ်မက်ထဲထည့်မက်ရမယ်နော် 😉
"နှာဘူးကောင်"
Pete ပါးစပ်ကရေရွတ်ရင်း ဖုန်းကိုဘေးချလိုက်သည်။Ae ကိုဒီနေ့ထပ်မတွေ့ရတော့ဘူးဆိုတော့ နည်းနည်းတော့ စိတ်ပျက်သွားမိသည်။ကိုယ်ကိုယ်တိုင်လဲနားမလည်။တွေ့နေရရင်တော့ သူ့အဝေးကိုပြေးချင်နေမိသည်။ဒါပေမယ့် မတွေ့ဖြစ်တဲ့အချိန်တွေကျတော့လဲ သတိရသည်။ဘာခံစားချက်ကြီးမှန်းမသိ။
YOU ARE READING
Just A Dare (Myanmar Translation)
FanfictionThis story may have mature scenes so read it with your own risk ❤️ I don't owned this story and character! All rights is goes to Author @U_R_Girl