Zawgyi
မနေ့ညက ပွင့်ဖတ်တွေနဲ့လှချင်တိုင်းလှနေတဲ့ကုတင်က အခုတော့ နှစ်ယောက်သားရဲ့လက်ချက်နဲ့တင် ရှုပ်ပွနေလေသည်။ပင်ပန်းပြီး အိပ်လို့ကောင်းနေတုန်း အဆက်မပြတ်မြည်လာတဲ့ဖုန်းကြောင့် Ae သူ့ဘေးနားက ယောကျာ်းလေးနိုးမသွားခင် ဖုန်းကိုလှမ်းယူကာကိုင်လိုက်ရသည်။
"ဘယ်သူလဲ"
"ဂုဏ်ပြုပါတယ် Ae Tanapon"
Ae မျက်မှောင်တွေကျုံ့သွားကာ လှဲအိပ်နေရာကနေထထိုင်မိတော့သည်။
"မင်းငါ့ဖုန်းနံပါတ်ကို ဘယ်လိုရတာလဲ"
"ဟားဟား မင်းကွာ ဘယ်လိုတောင်ကလေးဆန်တဲ့မေးခွန်းလဲ ဒီလောကထဲမှာ ဖုန်းနံပါတ်တစ်ခုလောက်က ရဖို့ခက်တယ်ထင်နေလို့လား တကယ်ဆို လိုချင်ရင် သူများအပိုင်ဆိုတဲ့ဟာလေးတွေတောင် ယူလို့ရနေတာဘဲလေ"
တစ်ဖက်လူရဲ့မျက်နှာမှာ အပြုံးတစ်ခုပေါ်လာသလောက် Ae ကတော့ဒေါသကြောင့် အံကြိတ်ထားရတော့သည်။နှစ်ခြိုက်စွာအိပ်ပျော်နေတဲ့ Pete နားမှာဆက်မပြောချင်၍ Ae ဝရန်တာဘက်ထွက်လာလိုက်သည်။
"မင်းဘာစောက်စကားပြောတာလဲ ငါ့ကိုဒီလောက်နဲ့ခြိမ်းခြောက်လို့ ငါကကြောက်မယ်ထင်နေတာလား စမ်းကြည့်လေ ခွေးကောင်ရဲ့ မင်းလာရှုပ်နေတာ ဘယ်သူလဲဆိုတာ မမေ့နဲ့"
Ae တစ်ဖက်လူက သူ့အားနည်းချက်ကိုသိသွားမှာစိုး၍သာ ဟန်ဆောင်ပြီးပြောလိုက်ရပေမယ့် စိတ်ထဲမှာတော့ စိုးရိမ်နေမိသည်။
"မမေ့ပါဘူး ငါတန်ဖိုးထားရတဲ့အရာကို ငါ့ဆီကနေမင်းယူသွားတာလေ အခုငါပြန်လာယူတော့မှာ ပြီးရင် မင်းဆီမှာဘာတစ်ခုမှမကျန်တော့အောင်ကို လုပ်ပစ်မှာမို့ စောင့်နေလိုက်အုန်း"
Ae ဘာမှပြန်မပြောရသေးခင်မှာတင်တစ်ဖက်လူကဖုန်းချသွားခဲ့သည်။Ae စိတ်ထဲလေးပင်လာသည်နှင့်အတူ ကြောက်စိတ်ပါကြီးစိုးလာခဲ့သည်။ဒီလိုကြောက်စိတ်မျိုးဆိုတာ Ae ဘဝမှာတစ်ခါမှမဖြစ်ခဲ့ဖူးပေ။ဒါပေမယ့် ဒီတစ်ခါတော့ Ae တစ်ကယ်ကြောက်ပါသည်။တစ်ယောက်ယောက်က Pete ကိုထိခိုက်အောင်လုပ်လာမည်ကို Ae ကြောက်သည်။
YOU ARE READING
Just A Dare (Myanmar Translation)
FanfictionThis story may have mature scenes so read it with your own risk ❤️ I don't owned this story and character! All rights is goes to Author @U_R_Girl