Part 1

489 33 33
                                    

Zawgyi

"Pete!! Pete ရေ ထတော့ ဒီနေ့ မင်းရဲ့ပထမဆုံးကျောင်းသွားရမယ့်နေ့နော် နောက်ကျလို့မရဘူး"

အိပ်ရာပေါ်မှာလူးလိမ့်ရင်းပင် အလိုမကျသည့်ညည်းညူသံများက Pete ဆီမှတန်းစီထွက်လာသည်။Pete ဆိုတာ အသက်က ၂၅ နှစ်ဖြစ်နေလဲ သူ့အကို P'Type နဲ့ဆိုရင်တော့ ကလေးလေးတစ်ယောက်လိုဆိုးသွမ်းစမြဲပင်။အခုလဲ P'Type ရဲ့အော်ဟစ် နှိုးနေသည့်အသံကြောင့် ခြုံထားသည့်စောင်ကို ခြေထောက်နဲ့ကန်ထုတ်လိုက်ကာ အိပ်ရာပေါ်ဆူပုတ်ပုတ်လေးနဲ့ ငုတ်တုတ်ထထိုင်နေလေသည်။

"Pete!!! ငါတက်လာလို့မှ မင်းမထသေးရင် ဒီတစ်ခါပါးစပ်နဲ့မနှိုးဘူး ရေအေးတွေလောင်းချမှာနော်"

Type တစ်ယောက်အောက်ထပ်ကနေအသံကုန်လှမ်းအော်နေတာကြောင့် Pete ဆံပင်တွေကိုဆွဲဖွကာ လေပူတစ်ချက်မှုတ်ထုတ်လိုက်မိသည်။

"ထပြီ!! ကျွန်တော်ထပြီလို့!! P'Tharn အပေါ်ထွက်နေတဲ့ဒေါသတွေကို ကျွန်တော့်အပေါ်လာမလွှဲချစမ်းနဲ့ P'Type ရာ"

Pete အော်သံအဆုံးမှာတော့ အောက်ထပ်ကဘာတုန့်ပြန်သံမှမကြားရတော့ပေ။ဆံပင်စုတ်ဖွားလေးနဲ့အောက်ထပ်ကို လေးတိလေးကန်ဆင်းလာတော့ P'Type ကမျက်မှောင်ကြီး ကျုံ့ပြီး မနက်စာပြင်နေလေရဲ့။

"PType နော် အလုပ်ကိစ္စနဲ့ P' ကိုထားခဲ့ပြီး ခရီးထွက်သွားတာ P'Tharn လေ ဘာကိစ္စ ကျွန်တော့်ကိုလာအော်နေတာလဲ ဟွန်း"

Type ဆီမှ ဆဲသံတွေမထွက်လာခင် Pete ရေချိုးခန်းထဲမြန်မြန်ပြေးဝင်ကာ ကျောင်းသွားဖို့မြန်မြန်ပြင်ဆင်ရတော့သည်။အမှန်တော့ ဒီနေ့သူက ကျောင်းကို ကျောင်းသားတစ်ယောက်အနေနဲ့သွားရမှာမဟုတ်ဘဲ ဆရာတစ်ယောက်အနေနဲ့ စာသင်ဖို့သွားရမှာဖြစ်သည်။ပထမဆုံး ဆရာအဖြစ် ကျောင်းသွားခြင်းဆိုတော့ ဒီနေ့သူ့ကိုတွေ့ရင် ကလေးတွေ ဘယ်လိုတုန့်ပြန်လာမလဲဆိုတာကိုတွေးကြည့်ရင်းနဲ့ပင် စိတ်တွေက ထိန်းချုပ်မရစွာ လှုပ်ရှားနေလျက်ရှိသည်။

သူကျောင်းသားတွေအပေါ်မှာ အကောင်းဆုံးတွေသင်ပေးဖို့နဲ့ သူတို့အတွက်အကောင်းဆုံးဆရာတစ်ယောက်ဖြစ်ဖို့ကို မျှော်လင့်ထားသည်။အဲ့လို ရင်ခုန်စိတ်လှုပ်ရှားမှုတွေနဲ့လာလိုက်တာ ကျောင်းဂိတ်တံခါးဝကိုတောင် ရောက်မှန်းမသိရောက်နေခဲ့သည်။သူအရင်တစ်ချိန်တုန်းကလဲ ဒီဂိတ်ဝကြီးမှာ ကျောင်းသားလေးတစ်ယောက်အဖြစ်နဲ့ ပျော်ရွှင်စွာဖြတ်သန်းခဲ့ဖူးသည်လေ။သှူုဘဝတစ်လျှောက်လုံးမှာ ပျော်ရွှင်စရာအကောင်းဆုံးအမှတ်တရတွေကို ဒီကျောင်းကြီးမှာဘဲရခဲ့သည်မဟုတ်လား..

Just A Dare (Myanmar Translation)Where stories live. Discover now