Zawgyi
Ae ရဲ့လုပ်ရပ်တွေက Pete အပေါ်တော်တော်သက်ရောက်နေလေသည်။သူ့ရှေ့တွင် equation ထိုင်ရေးနေသော ကောင်လေးကိုကြည့်ရင်း ရင်ထဲကအကောင်ကိုငြိမ်အောင်ထိန်းနေရသည်။
"ပြီးပြီ"
Ae ဆီကအသံထွက်လာမှ Pete သတိပြန်ဝင်လာလေသည်။
"ခုံမှာသွားပြန်ထိုင်တော့ နောက်တစ်ခါအတန်းထဲကိုသေချာအာရုံစိုက်"
Ae ကခေါင်းငြိမ့်ပြကာ သူ့ထိုင်ခုံဆီကိုတည့်တည့်မသွားဘဲ နောက်ပြန်လမ်းလျှောက်ရင်း Pete ကိုအကြည့်မပျက်ဘဲလျှောက်နေလေသည်။ထိုအမူအရာကိုကြည့်ပြီး အံ့သြသွားမိသူက Pete ပင်။တကယ်ဘဲ ဒီကလေးက တစ်ခုခုလွတ်နေတာလား။
တစ်တန်းလုံးကလဲ Ae ဘာလုပ်ဖို့ကြိုးစားနေလဲဆိုတာသိပေမယ့် တစ်ခွန်းမှမဟရဲဘဲ ဘာမှမမြင်သလိုဟန်ဆောင်နေရသည်။
ပြောရမယ်ဆိုရင် အခုချိန်မှာPete စာသာသင်နေတာ သေချာလဲအာရုံစိုက်လို့မရပေ။တစ်စုံတစ်ယောက်က သူ့ကို အကြည့်နဲ့တင် ကိုယ်ဝန်ရအောင်လုပ်နေသလိုခံစားနေရသည်။
တစ်ချက်တစ်ချက် အကြည့်ချင်းဆုံသွားရင်တောင် နှုတ်ခမ်းဆူပြီး fly kiss တွေပေးနေသေးသည်။Pete အတတ်နိုင်ဆုံး အကြည့်ကို ထိုတစ်ယောက်ဆီမရောက်အောင်သာ လွှဲထားပြီး စာသင်ဖို့ဘဲအာရုံထည့်ထားနေရသည်။
အချိန် တစ်နာရီခွဲလောက်ကြာပြီးချိန်မှာတော့ ကျောင်းဆင်းခေါင်းလောင်းအသံကြောင့် Pete စာအုပ်များသိမ်းကာ အခန်းထဲမှမြန်မြန်ထွက်ဖို့ပြင်တော့သည်။
ဒါကို လျင်တဲ့ Ae ကလဲ အနောက်ပေါက်ကနေ ကြိုထွက်ကာ Pete သွားမည့် အရှေ့ပေါက်တွင်လမ်းပိတ်ထားလေသည်။တစ်ခြားကျောင်းသားတွေက အပေါက်ဝမှာ Ae နဲ့သူတို့ဆရာကိုတွေ့တာနဲ့ ကုပ်ကုပ် ကုပ်ကုပ်ဖြင့် အနောက်ပေါက်မှ တန်းထွက်ပြေးကုန်ကြတော့သည်။
Pete ရှောင်ထွက်ဖို့လုပ်နေပေမယ့်လဲ တည့်တည့်ကြီးလာပိတ်ရပ်နေသောသူကြောင့် မျက်နှာထားကို တင်းမာနေအောင်လုပ်ထားလိုက်ရသည်။
"ဘာလိုလို့လဲ"
"ဆရာ့ကို ကျွန်တော်စိတ်ဝင်စားလို့ ဆရာလို့မခေါ်ဘဲ နာမည်ဘဲတန်းခေါ်လို့ရမလား "
YOU ARE READING
Just A Dare (Myanmar Translation)
Fiksi PenggemarThis story may have mature scenes so read it with your own risk ❤️ I don't owned this story and character! All rights is goes to Author @U_R_Girl