Part 5

273 31 39
                                    

Zawgyi

Pete ကိုနောက်နေ့တွင် အတန်းထဲပုံမှန်အတိုင်းတွေ့လိုက်ရခြင်းကို Ae အနည်းငယ်တော့ အထင်ကြီးသွားမိသည်။
သူထင်ထားသည်မှာ ဟိုနေ့ကကိစ္စဖြစ်ပြီး Pete ငိုရင်ငို မငိုရင်တောင် ဒီကောလိပ်ကနေ အလုပ်ထွက်သွားလောက်မည်ထင်ခဲ့တာ။မဟုတ်ရင်လဲအခုလောက်ဆို Ae ကို ကျောင်းအုပ်ဆီထပ်သွားတိုင်ရင် တိုင်မယ်လို့ထင်ခဲ့ပေမယ့် ဘာမှမဖြစ်ဘဲ ဒီတိုင်းသာမာန်နေ့များလိုပင်။

Pete ကိုကျရှုံးအောင်လုပ်မည့် Ae ရဲ့အစီအစဉ်တွေက တစ်ခုမှအလုပ်မဖြစ်ချေ။Pete ရဲ့စိတ်ထိန်းနိုင်မှုကတစ်နေ့တစ်ခြာပိုပိုကောင်းလာကာ Ae ဘယ်လိုဘဲ ကြိုးစားပြီးလုပ်လုပ် Pete ရဲ့စိတ်ဝင်စားမှုကို နည်းနည်းလေးတောင်ရမလာတော့ Ae အခက်တွေ့နေလေသည်။

မရီရဘူးလား ကျွန်တော့်ရဲ့နှလုံးသားက အရမ်းအပြောင်းအလဲမြန်လွန်းနေတာလေ။တစ်ချိန်တည်းမှာဘဲ ဒီလူကို ကြိုက်မိမလိုဖြစ်ပြီး နောက်ခဏနေတော့ ဒီလူကိုဘဲ မုန်းနေမိပြန်ရော။ကျွန်တော့်နှလုံးသားစေရာက ဘာကိုရည်ညွှန်းနေမှန်းကိုယ်ကိုယ်တိုင်တောင် သေချာမသိသေးဘူး။Ae ရဲ့သူ့နားကိုရောက်အောင်လုပ်နေတဲ့ အပြုအမူတွေကို Pete ဘယ်လိုတုန့်ပြန်ရမလဲ တကယ်မသိဘူး။

Pete သူ့ရဲ့လှည့်ကွက်တွေထဲထပ်ကျသွားမိမှာမျိုးကိုကြောက်တယ်။သူ့နှလုံးသားကိုနောက်လူတစ်ယောက်ဆီထပ်ပေးပြီး ကစားခိုင်းဖို့ထိသူမလုပ်နိုင်သေးဘူး။နောက်ဆက်တွဲ နာကျင်ရမယ့် အဖြစ်မျိုးကို တော်တော်ကြောက်တယ်။ဘယ်လောက်ထိ နာကျင်ခံစားခဲ့ရလဲနဲ့ ဒီနာကျင်မှုကြီးထဲက ရုန်းထွက်နိုင်ဖို့ သူဘယ်လောက်ကြိုးစားခဲ့ရလဲဆိုတာ သူ့ကိုယ်သူသာအသိဆုံးဘဲလေ။အဲ့လိုအဖြစ်မျိုးကို ထပ်အရောက်မခံနိုင်ဘူး။ထိုအမှန်တရားကို လက်ခံနိုင်လိုက်တဲ့အချိန်မှာ Pete နှလုံးသားက ပြန်တည်ငြိမ်သွားပြီး Ae ရဲ့အပြုအမူတွေကို ကျော်ခွသွားဖို့ အားအင်တွေပေးလာတယ်။

Ae ကPete ရဲ့စားပွဲခုံကို အမြဲသန့်ရှင်းရေးလုပ်ပေးတယ် မနက်တိုင်း Pete စားပွဲမှာ မနက်စာနဲ့ ပန်းစည်းလေး အဆင်သင့်လာထားပေးတယ်။Pete ကားပါကင်ထိုးဖို့အတွက် နေရာကိုကြိုချန်ပေးထားတယ်။Pete သင်တဲ့အတန်းမှန်သမျှကို လိုက်တက်ပြီး Pete အပြုံးလေးတွေကိုငေးကြည့်နေတတ်တယ်။အကြည့်ချင်းဆုံသွားတဲ့အခါ ရှက်သွေးဖြာပြီး ရဲသွားတဲ့မျက်နှာလေးကို တစ်ဝထိုင်ကြည့်နေတတ်သေးသည်။Ae ဒီလိုမျိုးတွေကို လုပ်နေတုန်းကတော့ Pete သတိလဲမထားမိသလို ဂရုလဲမစိုက်ပါ။သို့သော် သူဒီနေ့တော့ စားပွဲပေါ်က ဗလာဖြစ်နေသည့်နေရာကိုကြည့်ရင်း အခန်းထဲတစ်စုံတစ်ယောက်ကို ဝေ့ဝဲရှာနေမိသည်။

Just A Dare (Myanmar Translation)Where stories live. Discover now