Part 30

319 23 41
                                    

Zawgyi

နှစ်ယောက်စလုံးရဲ့ ညကလေ့ကျင့်ခန်းတွေအပြီးမှာတော့ လှုပ်တောင်မလှုပ်နိုင်ကြတော့ဘဲ အိပ်ပျော်သွားကြလေသည်။Ae ကတော့ မနက်ဆို နိုးနေကျအချိန်တိုင်းနိုးလာပြီး Pete ကိုကြည့်နေမိသည်။ဒီနေ့က Ae ရဲ့မိသားစုလုပ်ငန်းကို အဖေ့ဆီကနေလွှဲပြောင်းယူမယ့် ပထမဆုံးနေ့ဖြစ်သည်။အဲ့တာကြောင့် ကုမ္ပဏီကိုလဲနောက်ကျမှရောက်သွားလို့မရပေ။

Ae Pete နဲ့အတူနေချင်သေးပေမယ့် တာဝန်တွေကလဲရှိသေးတာကြောင့် ရေမိုးချိုးပြင်ဆင်ရင် အသာထလုပ်တော့သည်။Pete ကလဲ Ae အနားမှာမရှိတာနဲ့ နိုးလာကာ ထထိုင်ဖို့ပင်မနည်းအားယူနေရသည်။အောက်ပိုင်းတစ်ခုလုံး ကိုက်ခဲနာကျင်နေပြီး တုန်ယင်နေတာကြောင့် ထိုင်ရုံနဲ့တင်ငိုသံများထွက်လာတော့သည်။

"Pete!! Pete!! ရရဲ့လားဟင် နာနေလား"

ရေချိုးခန်းထဲကအထွက် Ae Pete ထိုင်ဖို့လုပ်နေတာကိုတွေ့လိုက်တာကြောင့် အနားသွားကာဝိုင်းကူရင်း စိုးရိမ်စွာဖြင့်မေးလိုက်သည်။သို့သော် အဖြေစကားတစ်ခုမှမလာဘဲ မျက်မှောင်လေးသာကျုံ့ပြီး ခေါင်းငြိမ့်ပြလာသော ကောင်လေးကြောင့် Ae မှာပျာယာတွေခတ်နေရသည်။

"ရေချိုးခန်းထဲသွားမလား ကိုယ်ချီခေါ်သွားပေးမယ်လေ"

Pete ကထပ်ခေါင်းငြိမ့်ပြလာပြန်သည်။

"babe စကားပြောပါအုန်း ကိုယ်စိတ်ပူနေပြီ"

"အဆင်ပြေပါတယ် နည်းနည်းနာနေရုံပါ"

အက်ရှရှနဲ့ထွက်လာသောအသံကြောင့် Ae သဘောပေါက်သွားတော့သည်။ညက တော်ရုံအော်ထားတာမှမဟုတ်ဘဲ အသံတွေဝင်နေသည်မှာမဆန်းကျယ်ပေ။

"တောင်းပန်ပါတယ် မင်းကမြန်မြန်လုပ်ဖို့ပြောတိုင်း မလုပ်လိုက်သင့်ဘဲ ကိုယ့်ကိုယ်ကိုထိန်းသင့်တာ နည်းနည်းကြမ်းမိသွားတယ်"

Ae Pete ကိုယ်လေးကို ချီကာ ရင်ခွင်ထဲထည့်လိုက်ရင်း ဆံပင်လေးတွေကို အသာသပ်ပေးနေတော့သည်။

"မင်းနည်းနည်းလောက်ထပ်အိပ်သင့်တယ် Pete ဘာလို့ထလာတာလဲ မနက်စာက အမေလုပ်ပေးမှာပေါ့ မဟုတ်လဲ ကိုယ်ပြင်ပေးမယ်"

Just A Dare (Myanmar Translation)Where stories live. Discover now