Part 18

295 30 8
                                    

Zawgyi

Zee က Pete ကိုလာကြိုနေတာကိုမြင်ပြီး Ae တစ်ယောက်စူးစူးရဲရဲစိုက်ကြည့်နေတော့သည်။Pete ကိုယ်တိုင်လဲ သူသာဝင်မထိန်းရင် ဒီနေရာမှာတင်လူသတ်ပွဲတွေဖြစ်သွားတော့မည့် အငွေ့အသက်တွေရနေတာကြောင့် Ae အရှေ့ကနေကွယ်ရပ်ပြီး Zee ကိုနှုတ်ဆက်လိုက်ရသည်။

"အာ… Zee လာကြိုပေးတာ ကျေးဇူးတင်ပါတယ် ကျွန်တော်တို့ သွားရင်းနဲ့စကားပြောကြမယ်လေ"

Pete စကားကြောင့် အနောက်ကတစ်ယောက်မှာ မျက်မှောင်တွေပိုလို့ကျုံ့သွားပြီး စူပုတ်သွားတော့သည်။Pete ကထိုလူနဲ့တကယ်ကြီး ထွက်သွားမလို့ပြင်နေတော့မှ Ae Pete လက်ကိုလှမ်းဆွဲထားလေသည်။

"ကျွန်တော့်ကိုဒီတိုင်းကြီးထားပြီး မင်းထွက်သွားလို့မရဘူး Pete"

Pete လန့်လွန်းလို့ နှလုံးပါရပ်သွားတော့မလိုခံစားနေရသည်။ဒီအခြေအနေကို Zee ဘယ်လိုထင်သွားမလဲ Pete မပြောတတ်ပေ။ဆွဲကိုင်ထားသည့်လက်ထဲမှ မသိမသာရုန်းကြည့်သော်လဲ အားပါပါနဲ့ကိုင်ထားတာကြောင့် Pete ရုန်းလို့မရဘဲဖြစ်နေလေ၏။

"Pete မင်းကြည့်ရတာ ကျောင်းသားတွေနဲ့ တအားရင်းနှီးပုံဘဲနော် ဒီလိုမျိုးပုံစံနဲ့ နာမည်တောင်တပ်ခေါ်နေတာ"

Zee စကားက အခြေအနေကိုပိုပြီး နေရခက်သွားစေတာကြောင့် Pete နှုတ်ခမ်းကိုတင်းတင်းစေ့ထားမိရင်း Ae ကိုလွှတ်ပေးဖို့ အကြည့်တွေနဲ့တောင်းပန်နေမိသည်။သူအဖေ့ဆီမှာထပ်ပြီးအရိုက်မခံချင်တော့ပါ ဟိုနေ့ကတောင် စေ့စပ်ပွဲနေ့မှာသူလုပ်လိုက်တဲ့အပြုအမူကြောင့် အဖေကရိုက်ထားတာ Pete တစ်ကိုယ်လုံးအညိုအမဲဒဏ်ရာတွေနဲ့အပြည့်ဖြစ်နေသည်။ခုကျောင်းလာတော့ Ae တွေ့မှာစိုးလို့သာ အကျီ င်္လက်ရှည်ဝတ်လာခဲ့ခြင်းဖြစ်သည်။သူသာတွေ့ရင် ဘာတွေဖြစ်ကုန်မလဲ Pete တွေးတောင်မတွေးရဲ။

သနားစရာအကြည့်တွေနဲ့ မျက်ဝန်းတွေကြောင့် Ae Pete လက်ကိုလွှတ်ပေးလိုက်တော့သည်။ဒါတောင် Zee ကသံသယမျက်လုံးတွေနဲ့ နှစ်ယောက်လုံးကိုကြည့်နေဆဲပင်။Pete လဲလက်လွတ်သွားတာနဲ့ Zee ကိုခေါ်ပြီး ကားပေါ်မြန်မြန်တက်လိုက်ရသည်။ကျန်ခဲ့တဲ့တစ်ယောက်ဆီက အကြည့်စူးစူးတွေကိုမျက်နှာချင်းမဆိုင်ရဲသည့်အလား ခေါင်းကိုသာငုံ့ထားနေမိသည်။

Just A Dare (Myanmar Translation)Where stories live. Discover now