Zawgyi
Pete မှာကြားလိုက်ရသောစကားကြောင့် ပါးစပ်အဟောင်းသားနဲ့ မျက်တောင်မခတ်ဘဲကြောင်ကြည့်နေမိတော့သည်။အခုလို Pete ဘာမှပြန်မပြောတာကိုမြင်လိုက်ရတော့ Ae မှာလဲ အစကစိတ်ပူနေတာထက် ပိုလို့ပင်စိုးရိမ်သွားရသည်။သူ Pete မျက်လုံးထဲက အကြောက်တရားတွေကို သူမြင်နေရသည်။အဲ့တာကြောင့် Pete ဒီ့ထက်ပိုပြီး လန့်မသွားစေဖို့အတွက် Ae သေသေချာချာထပ်ရှင်းပြပေးတော့သည်။
"ကျွန်တော့်အဖေက ဒုစရိုက်လောကရဲ့ ဘုရင်တစ်ဆူလိုဘဲ မိသားစုလုပ်ငန်းဖြစ်တဲ့ စီးပွားရေးလုပ်ငန်းဆိုတာက ကျွန်တော်တို့လုပ်နေတဲ့တရားမဝင်တဲ့ အလုပ်တွေကို ဖုံးကွယ်ထားဖို့ရှိနေတဲ့ ဟန်ပြအလုပ်တစ်ခုသက်သက်လေ အခုကျွန်တော်က အဖေ့နေရာကိုဆက်ခံဖို့ ပြည်တွင်းကဂိုဏ်းတွေကိုထိန်းပြီး ဒီကအလုပ်တွေကိုလဲလုပ်နေရတာ ပြီးတော့…"
"ဘာလို့ငါ့ကိုဒါတွေအကုန်လာပြောပြနေတာလဲ ငါမသိချင်ဘူး"
Ae ရဲ့စကားကို ဖြတ်ပြောကာ Pete အကြည့်လွှဲလိုက်လေသည်။သို့သော် Ae က Pete မေးဖျားမှဆွဲကိုင်ကာ သူနဲ့အကြည့်ချင်းဆုံစေသည်။
"ဘာဖြစ်လို့လဲတော့မသိဘူး ဒါပေမယ့် ကျွန်တော့်အကြောင်းတွေကို Pete ကိုသိထားစေချင်နေတယ် အခုပြောပြတဲ့အကြောင်းအရာတွေကလဲ ဘယ်သူမှမသိသေးဘူး ကျွန်တော့်သူငယ်ချင်းတွေတောင်သိတာမဟုတ်ဘူး အဲ့တော့ Pete က ကျွန်တော့်လျှို့ဝှက်ချက်ကို သိပြီးသွားပြီဆိုတော့ ကျွန်တော့်လက်ထဲကနေ ရှောင်ပြေးဖို့ လုပ်ရဲလုပ်ကြည့်…"
"ငါမင်းကို စိတ်ဆိုးနေတာနော် ငါလိုနေတာ နှစ်သိမ့်မှု အဲ့တာကို ငါ့ကိုလာခြိမ်းခြောက်နေတယ် မင်းနဲ့ငါ့ကြားမှာ ဘာပက်သက်မှုမှမရှိဘူး Ae"
Pete ထိုစကားတွေကို စိတ်ထဲကမပါဘဲပြောလိုက်ခြင်းဖြစ်သည်။သူ့ဘဝကြီးက ရှုပ်ထွေးနေခဲ့ပြီးပြီ။ထပ်ပြီးတော့ ရှုပ်ထွေးလာအောင် မလုပ်ချင်ပေ။
Ae ထိုစကားတွေကြောင့် သူ့ရင်ထဲက တင်းကျပ်သွားတဲ့ စိတ်ကိုမုန်းလွန်းသည်။သူက ရှင်းပြရတာတွေကို မုန်းတဲ့လူတစ်ယောက်။အခုတော့ Pete နားလည်လက်ခံပေးတဲ့အထိ ရှင်းပြချင်နေတဲ့သူ့စိတ်က သူ့ကိုအနှောင့်အယှက်ပေးနေလေသည်။တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ ကောင်လေးတစ်ယောက်ကမျက်နှာလွှဲထားကာ နောက်တစ်ယောက်ကတော့ စူးစူးရဲရဲကို ရှေ့ကကောင်လေးကို စိုက်ကြည့်နေလေသည်။Pete ဆီက ဘာတုန့်ပြန်မှုမှ မလာတဲ့အချိန်မှ Ae ဘာမှမပြောဘဲ အခန်းထဲကနေ ပြန်ထွက်သွားသည်။
YOU ARE READING
Just A Dare (Myanmar Translation)
FanfictionThis story may have mature scenes so read it with your own risk ❤️ I don't owned this story and character! All rights is goes to Author @U_R_Girl