Part 13

332 31 89
                                    

Zawgyi

(Some mature Content are includes Read it with your own risk 🔞)

Pete က Ae ရဲ့ဝန်ခံလာမှုကို ခေါင်းလေးငြိမ့်ပြရင်းသာတုန့်ပြန်ခဲ့သည်။ထိုတုန့်ပြန်မှုလေးကိုမြင်တော့ Ae မှာပျော်ပြီး Pete ကိုဆွဲဖက်ထားတော့သည်။Pete ကတော့သူပြောမယ့်စကားတို့ကို စိတ်ထဲမှာဘဲပြန်သိမ်းထားလိုက်တော့သည်။ဒီအချိန်က ထုတ်ပြောလို့ကောင်းတဲ့အချိန်လို့ Pete မထင်ပေ။

"ကဲ အဲ့တော့ ဖက်တာတော်လောက်ပြီ ငါတို့စာအပေါ်အာရုံစိုက်ဖို့လိုတယ် မင်းစာမေးပွဲက နောက်လလာတော့မှာ ငါတို့စာပြန်လုပ်ကြမလား"

Pete ဖက်ထားရာကနေ ရုန်းထွက်သွားတော့ Ae ဆီမှစိတ်ပျက်စွာ ညည်းညူသံကထွက်လာတော့သည်။

"စာမေးပွဲမှာ အမှတ်ကောင်းရင်ရော ဆရာကဆုချမှာလား"

Ae ပြီတီတီအပြုံးနဲ့ကြည့်ကာ မေးနေတော့ Pete တစ်ချက်လှမ်းချလိုက်တော့သည်။

"အခုပေးထားတဲ့ဟာတွေကိုသာ မှန်အောင်အရင်ဖြေစမ်းပါ ပြီးရင်စာတမ်းပြုစုရမယ့်ဟာရှိသေးတယ် အဲ့တာတွေအရင်ပြီးအောင်လုပ် ဆုအကြောင်းကတော့ မင်းလုပ်နိုင်လား မလုပ်နိုင်လားကိုစောင့်ကြည့်ရတာပေါ့"

Pete ကမ်းပေးလာသော ဖတ်စာအုပ်အပုံလိုက်ကြီးကို Ae ကြည့်ရင်းတစ်ယောက်တည်းတိုးတိုးလေးကြိတ်ကျိန်ဆဲမိတော့သည်။ဒါပေမယ့်လဲ Pete စကားကိုနာခံစွာပင် စာကိုဘဲလိမ်လိမ်မာမာထိုင်လုပ်နေခဲ့ပါသည်။

ဘယ်လောက်ရူးနှမ်းလိုက်တဲ့ အချစ်လဲ။လူတိုင်းကြောက်ရတဲ့ မာဖီးယားခေါင်းဆောင်က ကျောင်းကစာမေးပွဲအောင်ဖို့ စာတွေထိုင်လုပ်နေရတယ်တဲ့။ဘာဘဲဖြစ်ဖြစ် အချစ်ကခိုင်းစေလာတော့လဲ တသွေမတိမ်းနားထောင်ချင်သူမို့ စာထိုင်လုပ်နေခြင်းသာ။အဲ့လိုလူက သူ့ခံစားချက်ကိုတော့ သူဝန်မခံချင်ပေ။

ထိုစကားဝိုင်းပြီးသွားတဲ့နောက်ပိုင်းတွေမှာ Ae နဲ့ Pete ကပိုရင်းနှီးလာကြတော့သည်။အပြင်တွေတူတူသွားကြ ချိန်းတွေ့ကြတာမျိုးလုပ်လာရင်းတစ်ယောက်ကိုတစ်ယောက်လဲပိုနားလည်လာကြသည်။Pete ကလဲ Ae နဲ့အတူရှိနေရင် စိတ်ညစ်စရာကိစ္စတွေကိုမေ့ဖျောက်ထားနိုင်သည့်အတွက် Ae နဲ့ရှိရတာကိုပျော်လာလေသည်။

Just A Dare (Myanmar Translation)Where stories live. Discover now