Zawgyi
Ae ကိုတွေ့ပြီးတဲ့နောက် Pete စိတ်တွေပါရှုပ်သွားရတော့သည်။အဲ့ကောင်လေးက သူများတကာကို စိတ်ရှုပ်အောင်လုပ်တဲ့နေရာတော့ တကယ်ဆရာကျသည်ပြောရမည်။
"အားလုံးဘဲ တစ်ဆိတ်လောက် နားထောင်ပေးကြပါခင်ဗျာ ဒီနေ့ပွဲလေးကို တက်ရောက်ပါဝင်လာပေးကြတဲ့ လူကြီးမင်းတို့အားလုံးကို ကျွန်တော်ကျေးဇူးတင်ပါတယ် အခု ဒီစင်မြင့်ပေါ်ကို ကျွန်တော့်ရဲ့တစ်ဦးတည်းသောသားလေး Pete နဲ့ မကြာခင်မှာသူ့ရဲ့ခင်ပွန်းဖြစ်လာတော့မယ့် သတို့သားလောင်းတို့ကိုဖိတ်ခေါ်ချင်ပါတယ် စင်ပေါ်ကိုတက်လာပေးကြပါ"
Pete စင်ပေါ်ကိုလျှောက်လာတဲ့တစ်လျှောက်လုံး ခေါင်းငုံ့ထားတာကြောင့် တစ်ဖက်လူရဲ့မျက်နှာကိုမမြင်သေးဘဲ ဖိနပ်သာတွေ့နေရသည်။အဲ့လူ ဘယ်လိုပုံစံရှိနေမလဲ Pete စိတ်မဝင်စား။Pete ရဲ့ မျက်လုံးတွေက လူအုပ်ထဲမှာရှိနေမည့် သူလွမ်းနေရသည့် လူတစ်ယောက်ကိုသာဝေ့ဝဲရှာနေမိသည်။
Pete ရဲ့အကြည့်တစ်နေရာကိုအရောက်မှာ ပြုံးပြနေတဲ့လူကြောင့် Pete နှလုံးခုန်သံတွေပါမြန်လာလေသည်။Ae ကလူရှင်းတဲ့ ထောင့်တစ်ထောင့်တွင်ရပ်နေတာကြောင့် Pete အလွယ်တကူပင်လှမ်းမြင်နေရသည်။သို့သော် ရှာနေသောသူကိုတွေ့လိုက်ရပေမယ့် Pete မပျော်နိုင်။စင်ပေါ်ကလူကြီးတွေကလဲ လက်ထပ်ပွဲနဲ့ သူတို့စီးပွားရေးကိစ္စတစ်ချို့ကိုဆွေးနွေးနေကြသည့်ပုံပင်။စင်အောက်က Pete ကိုကြည့်နေကြတဲ့လူတွေကိုလဲ Pete မကြည့်ချင်။စင်ပေါ်က စကားသံတွေကလဲ Pete နားထဲကြားတစ်ချက် မကြားတစ်ချက်။ထိုအချိန်မှာဘဲ ကိုယ့်လက်တစ်ဖက်ကို လာဆွဲပြီး လက်စွပ်ဝတ်ပေးဖို့လုပ်နေတဲ့လူကြောင့် Pete သတိလွတ်ပြီး လက်ကိုရုန်းလိုက်ကာ လက်စွပ်ကို ကိုယ့်ဘာသာကိုယ်ယူစွပ်လိုက်တော့သည်။Pete ရဲ့ထိုအပြုအမူကြောင့် ပွဲလာတဲ့လူတွေကြားတီးတိုးစကားသံများထွက်လာကြတော့သည်။
"Pete မင်းဘာစောက်ချိုးချိုးလိုက်တာလဲ ပြဿနာမရှာစမ်းနဲ့"
Pete အနားကိုတိုးကပ်ကာပြောရင်း Pete ရဲ့အဖေ Chakrii Pichaya ကတစ်ဖက် သတို့သားဘက်ကိုပြန်လှည့်သွားတော့သည်။
YOU ARE READING
Just A Dare (Myanmar Translation)
FanfictionThis story may have mature scenes so read it with your own risk ❤️ I don't owned this story and character! All rights is goes to Author @U_R_Girl