Unicode
ကုတင်ပေါ်မှာ စကားတစ်ခွန်းမှမပြောဘဲ လှဲနေသော Ae ကြောင့် Pete စိတ်ပူလာမိတော့သည်။ဆူလိုက်ရင်တောင် နည်းနည်းခံသာလောက်ပေမယ့် ဒီလိုငြိမ်နေတာကြီးက ပိုလို့တောင် အခြေအနေမကောင်းပေ။
Pete Ae ရဲ့လက်တွေကြားတိုးဝှေ့ပြီးလှဲအိပ်လိုက်တော့ Pete ကိုအလိုက်သင့်ပြန်ဖက်ထားသည်။
"ကိုယ်တောင်းပန်ပါတယ် Pete"
Pete Ae ကိုလှမ်းကြည့်ပြီး မျက်နှာငယ်လေးနဲ့ခေါင်းခါပြမိသည်။
"မဟုတ်တာ Ae အမှားမှမရှိတာ ငါကတောင်းပန်ရမှာ ငါ့အမှားပါ Aee အဲ့ကိုမင်းကိုမပြောဘဲ မသွားသင့်တာကို ပြီးတော့ ငါ့ကိုယုံပါ ငါပုခုံးကိုဘဲနှိပ်ခိုင်းတာ ကျန်တာဘယ်နေရာမှမထိဘူး"
"ရှင်းပြစရာမလိုပါဘူး ကိုယ်သာမင်းကို ညကအရမ်းမကြမ်းသွားရင် နာကျင်တာတွေဖြေဖို့ အဲ့နေရာကိုသွားဖို့လဲလိုမှာမဟုတ်ဘူး မင်းနဲ့ပက်သက်လာရင် ကိုယ့်စိတ်ကိုသေချာမထိန်းနိုင်တော့ဘူး Pete တစ်ခါတစ်လေ ကိုယ့်ကိုယ်ကိုတောင် ပြန်ကြောက်လာမိတယ် Pete အပေါ်ကို တိရစ္ဆာန်တစ်ကောင်လို ရိုင်းစိုင်းမိလာမှာမျိုး မင်းလုပ်တဲ့အရာတွေပေါ် လိုက်ချုပ်ချယ်နေတာမျိုးတွေလုပ်မိလာမှာစိုးတယ် ကိုယ်.. ကိုယ်..."
Pete အတုန်တုန်အယင်ယင်နဲ့ပြောနေတဲ့ Ae ရဲ့ပါးလေးကိုအုပ်ကိုင်လိုက်ပြီး နှုတ်ခမ်းကိုအနမ်းလေးပေးလိုက်သည်။
"မတွေးနဲ့တော့ Ae"
Ae ကခွေးပေါက်လေးတစ်ကောင်လိုဘဲ ခေါင်းငြိမ့်ပြလာသည်။
"ငါတို့ဆက်ဆံရေးမှာ ၂ ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် အချင်းချင်း သဝန်တိုတတ်တာဘဲ ငါသဘောကျပါတယ် အရမ်းမတွေးနဲ့ ကဲ ထတော့ ညစာသွားစားမယ်"
Pete ထကာ Ae ကိုလက်ကနေဆွဲထူတော့ Ae ကပြန်ဆွဲချပြီး Pete ကိုရင်ခွင်ထဲထည့်ထားတော့သည်။
"ခဏလောက် ဒီလိုလေးဖက်နေရအောင်"
Pete လဲငြိမ်နေပေးကာ Ae က Pete ကိုဖက်ထားရင်း Pete ရဲ့ဆံပင်လေးတွေကို ပွတ်သပ်နမ်းရှုံ့ရင်းဆော့နေလေသည်။
YOU ARE READING
Just A Dare (Myanmar Translation)
أدب الهواةThis story may have mature scenes so read it with your own risk ❤️ I don't owned this story and character! All rights is goes to Author @U_R_Girl