Zawgyi
"သမီးတော် ထွက်လာခဲ့တော့ လေ"
ခါတိုင်းလိုအအိပ်ပုတ်နေတဲ့
သမီးတော်ကိုမယ်တော်ကနှိုးနေရ ပြန်ပြီ။ဒါပေမယ့်မတူတာက
ဒီတစ်ခေါက်မှာ အရေးကြီးသည့်အတွက်သေချာမှာထားပါရက်နဲ့ ကွယ်......သမီးတော်တစ်ယောက်နဲ့တော့
မယ်တော် ခက်လှပြီ။" မနိုးသေးဘူးလား ရှင်မ"
" ဟုတ်ပါရဲ့ ခါတိုင်းလို အအိပ်ကြီးနေပြန်ပါပြီ"
" သမီးတော်......ထစမ်းကွယ်....
ဧည့်သည်တွေစောင့်နေချေပြီ"ခမည်းတော်အသံပါပါလာတော့
သူမ မထမဖြစ်တော့။မယ်တော်တို့ကလေ ခါတိုင်း လည်း.........နေပါဦး...ဧည့်သည်....ဧည့်သည်။
အို.....ဘယ်လိုတောင်
မေ့နေပါလိမ့်။သူမအိပ်ရာကငေါက်ကနဲထပြီး
မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်နေလေပြီ။" သမီးတော် အမြန်လာခဲ့နော်မယ်တော်တို့စောင့်နေမယ်"
သူမ စောင်ကို ဘေးပုံလျက်
လှေကားအတိုင်းပြေးဆင်းလာခဲ့
သည်။သူမအောက်ရောက်သည်နှင့်
ဧည့်သည်ဟု ထင်ရသောသူ သုံးဦးထဲကနှစ်ဦးသည် သူမကိုကြည့်ပြီး မခိုတရို့ ရယ်နေကြသည်။ထိုတော့မှခမည်းတော်နှင့်
မယ်တော်တို့လှည့်ကြည့်မိသည်။အို.........သမီးတော်တို့တော့ လုပ်ချလိုက်ပြန်ပါပြီ။
ဆံပင်က ခေါင်းပေါ်ငှက်သိုက်တင်ထားသလို.....
မယ်တော်ထိုင်နေရာမှ အမြန်ထပြီးသူမခေါင်း ကိုအသာသပ်လိုက်ရာ ဆံပင်တွေရှင်းပြီးသား ဖြစ်သွားသည်။
YOU ARE READING
Little Flowers Blooming up
Romance"ကျွန်တော်...ဘာကိုမေ့နေသလဲ မသိဘူး...ဒါပေမယ့်... အဲ့ဒီ့မေ့နေတာတွေထဲမှာ... ခင်ဗျားလည်းပါတယ်ဆိုရင်... နာကျင်ရရင်တောင်... သတိရချင်တယ်...." ထက်ရှိန်းနောင် "အဲ့ဒါကြောင့်ဖြစ်မယ်... နင်ပြန်မှတ်မိသွားမှ...