Part 3

235 17 1
                                    

Zawgyi

အစ်​ကို​တော့်​ကို လိုက်​ရှာ​နေတာ
အခုမှ​တွေ့​တော့သည်​။

သူမလက်​ပြဖို့ပြင်​လိုက်​ချိန်
အ​နောက်​မှာချောင်းေ​မြာင်းေ​နတဲ့​လူရိပ်​ကို​တွေ့လိုက်​သည်​။

ငွေ​ရောင်​ဓားရှည်​ကြီးက
လ​ရောင်​​အောက်​တွင်​ဝင်းလက်​​နေသည်​။

ထိုခဏ သူမဆုံးဖြတ်​ချက်
တစ်​ခုကို ခိုင်​မာစွာ ချလိုက်​သည်​။

ညီမ​တော်​ကို ခွင့်​လွှတ်​ပါ​နော်

ညီမ​တော်​ ဒီလို မလုပ်​ရင်​ ကိုယ့်​ကိုယ်​ကို ဘယ်​​တော့မှ ခွင့်​လွှတ်​နိုင်​မှာမဟုတ်​ဘူး.....။

ဒီတစ်​​ခေါက်
အစ်​ကို​တော်​ ညီမ​တော်​ကို လာရှာလှည့်​ပါ။ညီမ​တော်​ ​စောင့်​နေပါ့မယ်​...

သူမ ဝှက်​ထားတဲ့​ဆေးပုလင်း
လေးကို​သောက်​ချလိုက်​ပြီး
ပုလင်းကို လွှတ်​ပစ်​လိုက်​သည်​။

ပြီး​နောက်​ ကိုယ်​​ယောင်​​ဖျောက်​၍သူ့​နောက်​မှာသွားရပ်​လိုက်​တာ
သူမမြင်​ခဲ့​သော ​ငွေ​ရောင်​ဓားရှည်​က သူမရင်​ဘတ်​ကို ထုတ်​ချင်း​ပေါက်​ ​နေပြီ....။

    သူ ရုတ်​တရက်​မသင်္ကာသလို
ခံစားရလို့ အ​နောက်​လှည့်​ကြည့်
လိုက်​တာ အ​နောက်​က သူမ
ရင်​ဝတည့်​တည့်​မှ ​သွေး​တွေ တစ်​စက်​ချင်းစီးကျလာသည်​...။

ပြီး​နောက်​ ဓားကိုဆွဲထုတ်​ပြီး
ထိုလူက ​ပြေးသွားသည်​။

ဓားထုတ်​လိုက်​တာနဲ့ သူမခန္ဓာကိုယ်​က

သူ့​ပေါ်ပုံကျလာသည်​။
သူ့​​​ပေါင်​​ပေါ်က သူမမျက်​နှာ
ကို စူးစူးဝါးဝါးကြည့်​ ​နေမိသည်​။

အရာရာက အိပ်​မက်​လိုလို...

ထိုမှတစ်​ပါးလည်းမတတ်​နိုင်​သလိုခံစားရသည်​။

"မင်း....."

"ဟင်း....အစ်​ကို​တော်​ ညီမ​တော်​....ညီမ​တော်​ အစ်​ကို​တော့်​ကို
ချစ်​တယ်​....."

သူ့နားထဲမှာ​ဝေ​ဝေဝါးဝါးဖြစ်​​နေသည်​။ရင်​ဘတ်​ထဲမှာလဲစူး​အောင့်​​နေသည်​။

Little Flowers Blooming upWhere stories live. Discover now