Part 18

74 8 2
                                    

Zawgyi

သူထလာပြီး
မီးဖို​ချောင်​ကို
ရေဘူးလာထုတ်​​တော့
မီး​ဖိ​ချောင်​ထဲမှာအလုပ်​ရှုပ်​​နေ​သောသူမကို​တွေ့ရရသည်​။

သူလည်း ​ရေဘူးထုတ်​လိုက်​ပြီး
ဟင်းအိုး​မွှေ​နေတဲ့သူမကို
ဘေးတိုက်​မှီလျက်​ကြည့်​​နေမိသည်

သူမက သူ့ကိုပြုံးပြပြီး
ဟင်းအိုးကိုသာအာရုံ​ရောက်
နေ​တော့သူဂဏာမငြိမ်​​​တောင်​ဖြစ်ချင်​​လာသည်​။

သူ​ရေဘူးကို​မော့လိုက်​​တော့
သူမက သူ့​နောက်​က
ငရုတ်​သီးထုတ်​ကိုလှမ်းယူသည်​။

ပြီး​နောက်​ ဇလုံတစ်​ခုထဲထည့်
ရင်း​ရေဖွင့်​ကာ

"ဘာချက်​​နေတာလဲသိလား...."

သူက နှုတ်​ခမ်းမဲ့ပြီးပုခုံးတွန့်​​ပြသည်

"ငါလည်းမ​ပြောတတ်​ဘူး..."

"ဟင်​...."

"ဟဲ...ဟဲ...ငါက ဟိုဟိုဒီဒီ
ရောချက်​​နေတာပဲ...
ဘာထွက်​လာမလဲ​တော့မသိဘူး
ဒီမှာ​လေ...ကြက်​သားကို
နုပ်​နုပ်​စင်းပြီးအရင်
အကျက်​​ကြော်​လိုက်​တယ်​ကွာ...
ပြီး​တော့မှ မုန်လာဥနီ...
ငရုတ်​ပွ​တွေနုပ်​နုပ်​စင်း
ခရုဆီ​တွေ​ရော သံပုရာသီး
ပဲငံပြာ​ရည်​ငရုတ်​သီး​တွေ​ရောစုံ​နေတာပဲ...
ခန​နေရင်​ ပန်း​ဂေါ်ဖီစိမ်းလဲထည့်​မယ်​...
အင်း....ကြက်​ချိုချဉ်​​ကြော်​လိုလို
ဘာမှန်းလဲ​တော့မသိဘူး"

သူမ သူ့ဘက်​ကိုလှည့်​ရင်းရယ်​ပြ
တော့သူလဲ ပြန်​ပြုံးပြရင်း

"အ​ဒေါ်​ရော...."

"​အော်​..အ​ဒေါ်က ​နေ့တိုင်းအိမ်​အလုပ်​​တွေလုပ်​​နေတာ
ဒီမနက်​စာ​လောက်​​တော့
ငါတို့လုပ်​စားလို့ဖြစ်​တာပဲ
အစက​တော့ ငပိချက်​​လေးချက်​မို့
နင်​က ငါးမကြိုက်​တာသတိရသွား
လို့​တော်​​သေးတယ်​...
ဟူး.....ဟင်းချက်​​နေတာ​တောင်
အေး​နေတယ်​...
အမ​လေး...."

သူမ တုန်​တက်​ပြ​တော့
သူက ပြုံးလိုက်​ရင်း
သူမခါးကိုအ​နောက်​က​နေ
သိုင်းဖက်​လိုက်​သည်​။

အ​နောက်​ကခံစားမိတဲ့
နွေး​ထွေးမှုကြောင့်​သူမပြုံးမိသွား
ပြီး ပင်​ပန်း​နေသမျှ​တောင်
အကုန်​​ပျောက်​သွားသလို...

Little Flowers Blooming upWhere stories live. Discover now