Part 12

107 4 0
                                    

Zawgyi

အိမ်​ပြန်​​ရောက်​လာ​ပေမယ့်
သူမက တစ်​​နေကုန်
အခန်းထဲကမထွက်ေ​ချေ....

သူစိတ်​ပူပြီး အခန်းနား​ရောက်​လာ​ပေမယ့်​ ဘယ်​လို
အ​ကြောင်းပြရ
မလဲရှာ​နေရပြန်သည်။

ခဏ​နေ​တော့ သူမတံခါးလာဖွင့်​ပြီးမျက်​လုံးများလဲရဲ​နေသည်

ဟင်း...ခင်​ဗျားကျွန်​​တော်​နဲ့​နေရတာ
အဲ့သ​လောက်​​တောင်
စိတ်​အ​နှောင့်​အယှက်​ဖြစ်​ရလား​မေရွက်​ဝါရယ်​..

"ဘာလို့လဲ..."

"မနက်​စာသွားစားမလို့..
လိုက်​ဦးမှာလား.."

"ဟင့်​အင်း...ဗိုက်​မဆာဘူး.."

သူမတံခါးပြန်​ပိတ်​မယ်​လုပ်​​ပေမယ့်
အလိုက်​မသိစွာဗိုက်​ထဲက အသံထွက်​လာသည်​။

သူကပြုံးရုံ​လေးပြုံးပြီး
လက်​ကနာရီကိုကြည့်​ကာ

"​နောက်​နာရီဝက်​​နေရင်
သွားမယ်​"

ဟု​ပြောကာ အ​ပေါ်ထပ်​ကိုတက်​အ​ပေါ်ထပ်

သူမလဲ သက်​ပြင်းချလျက်
ဗီဒိုထဲကအဝတ်​ကိုဆွဲထုတ်​ရပါ​တော့သည်​။

⭐⭐⭐⭐

သူမတို့ဓာတ်​​လှေကားထဲဝင်​လိုက်​​တော့ ကံ​ကောင်းစွာဘယ်​သူမှရှိ​မနေ...

သူက အ​နောက်​နားကိုဝင်​လိုက်​ပြီးသူမက သူ့​ဘေးအ​ရှေ့နား​လေးကိုဝင်​ရပ်​လိုက်​သည်​။

တံခါးပိတ်​ခါနီးမှာ လက်​တစ်​ဖက်​ကခံလိုက်​လို့ တံခါးပြန်​ပွင့်​သွားသည်​။

တံခါးပွင့်​သွားသည်​နှင့်​တစ်​ပြိုင်​နက်​​ချော​မောလှပ​သော
မိန်းက​လေး တစ်​ဦးဝင်​လာသည်​။

သို့​သော်​....သူမ ထိုမျက်​နှာကို
ရင်းနှီး​နေပါသည်​...

သူက..သူက....

သူမ​တွေးရင်း​တွေးရင်း
ရေး​ရေး​ပေါ်လာသည်​။

/မင်းနဲ့တို့..အ​ပေးအယူမျှပါတယ်
မင်းက မင်းအစ်​ကို​တော်​ရဲ့အချစ်
ကိုရမယ်​​လေ...ဒါနဲ့တင်
တန်​​နေပြီမလား..."

Little Flowers Blooming upWhere stories live. Discover now