Part 4

204 15 2
                                    

Zawgyi

"သက်​​သေလက်​မှတ်​ထိုး​ပေးပါ"

 ပင်​ကီနဲ့ ရန်​နိုင်​မင်း ခုံကိုဝင်​ထိုင်​ပြီးလက်​မှတ်​ထိုး​နေချိန်​သူမ​က​တော့အ​တွေးနွံထဲမှာနစ်​​နေ​လေသည်

အဝါမှန်​ပါ့မလား... အ​မေရယ်​....
အ​မေ့ကို​ပြောရင်​လည်း...အ​မေ
လက်​ခံမှာမဟုတ်​ဘူး....

အဝါ့ တစ်​သက်​မှာ ချစ်​တဲ့လူကိုပဲ
လက်​ထပ်​မယ်​လို့​တွေးခဲ့ဖူးတယ်
အဝါ့တစ်​သက်​မှာ ဘယ်​သူ့ကိုမှ
လက်​မထပ်​​တော့ဘူးလို့လဲ​တွေးခဲ့
ဖူးပါတယ်​...

ဒါ​ပေမယ့်​ အဝါမချစ်​တဲ့သူကို
လက်​ထပ်​ရလိမ့်​မယ်​လို့​တော့
မ​တွေးခဲ့ဖူးရိုးအမှန်​ပါ.....

ဒီ့အတွက်​ အ​မေ့ကို​ရော အ​ဖေ့ကို​ရော အဝါ​တောင်းပန်​ပါတယ်

"​နောက်​ဆုံး​တော့ပြီးသွားပြီ..
ညီမတိုလည်းပင်​ပန်း​နေ​ရော​ပေါ့"

"ဟုတ်​..."

"အစ်​ကို ဒီနား ဆိုင်​က မုန့်​တစ်​ခုခု
သွားဝယ်​လိုက်​ဦးမယ်​​"

သူမ ငိုသံလိုလိုကြားလို့ ​ဘေးဘက်​ကိုကြည့်​လိုက်​​တော့ တစ်​ဖက်​နား မှာ ​ကောင်​မ​လေး တစ်​​ယောက်​ကရှိုက်​ငို​နေတာ ​ကောင်​​လေးကဖက်​ထားသည်

အစက​တော့ ကွာရှင်းကြလို့
ငို​နေတယ်​ထင်​တာ​ကြည့်​ရင်းနဲ့မှ
နှစ်​​ယောက်​သားက သူမတို့ဘက်​ကိုကြည့်​လိုက်​ တစ်​ခုခု​ပြောလိုက်
ငိုလိုက်​ ဖြစ်​နေတာဖြစ်​သည်​။

သူမလည်း ကြည့်​ရင်းစိတ်​ထဲ
မ​ကောင်းဖြစ်​လာသည်​။

"ပင်​ကီ...ဟိုဘက်​ကိုကြည့်​စမ်း"

"ဟမ်​..ဘာလို့လဲ.."

"အဲ့က ​ကောင်​​လေးနဲ့​ကောင်​မ​လေးငါတို့ဘက်​ကိုကြည့်​ကြည့်​ပြီးငို​သလိုပဲ.."

"အမ်​....ဘယ်မှာလဲ.. မရှိပါဘူးဟ"

သူမလှည့်​ကြည့်​လိုက်​​တော့
အသက်​ကြီးကြီး​တွေပဲ​တွေ့​တော့ ပြီး ခုနက​ကောင်​မ​လေးနဲ့ကောင်​​လေးကို မ​တွေ့ရ​တော့...

"အင်း..သွားပြီထင်​တယ်​..."

⭐⭐⭐⭐

"ဟူး....ပင်​ပန်းလိုက်​တာ​နော်​ "

Little Flowers Blooming upWhere stories live. Discover now