Part 14

86 6 0
                                    

Zawgyi

သူထမင်းစားခန်းထဲ​ရောက်​လာ​တော့

သူမက မီးဖိုနားမှာ
ဇွန်းခွက်​နဲ့အလုပ်​ရှုပ်​​နေသည်​။

သူ ထိုင်​ခုံမှာထိုင်​လိုက်​​တော့
သူမကလှည့်​ကြည့်​သည်​။

"ခဏ​နော်​....နည်းနည်းအဆူ​စောင့်​​နေတာ..."

ခဏ​နေ​တော့ သူမ ပန်းကန်​ထဲခပ်​ထည့်​ပြီး သူ့​ရှေ့မှာ ချ​ပေးလိုက်​သည်​။

အစက​တော့ မျက်​​မှောင်​ကြုတ်​ပြီး ကြည့်​​နေသည်​။

"ဘာလို့လဲ...မုန့်​ဟင်းခါး 
ကောင်းတယ်​​လေ...ငါက​တော့
အရမ်းကြိုက်​တာ..."

သူမ တစ်​လုပ်​ ပါးစပ်​ထဲထည့်​ပြီး
မျက်​လုံးမှိတ်​ကာ အရသာခံ​နေ​တော့ သူပြုံးလိုက်​ပြီး
တစ်​လုတ်​စားလိုက်​သည်​။

ပြီး​နောက်​သူ့ကိုကြည့်​​နေလို့
စားပြလိုက်​ရသည်​။

"ဒါနဲ့....နင်​က ဘာလုပ်​တာ..."

"အင်​ဂျင်​နီယာ..."

"​သြော်​...ဒီ​နေရာနဲ့ဆို...
နင့်​အလုပ်​ခွင်​နဲ့
အ​ဝေးကြီးမလား..."

သူက​ခေါင်းငြိမ့်​လိုက်​​တော့
သူမကလည်း​ခေါင်းငြိမ့်​ပြီး

"အာ့ဆို..ဘာလို့ဒီမှာလာ​နေတာလဲ"

"ဒီ​နေရာကပိုအဆင်​​ပြေလို့...
ဟိုတယ်​မှာ​နေရင်
ပိုအဆင်​မ​ပြေဖြစ်​တယ်​...."

"​အော်​...အဲ့လိုလား..."

နေပါဦး..အစ်​ကို​တော်​ကငါ​မေး​နေတာကိုပြန်​​ဖြေ​နေတာလား...

သူမ ဆုကြီး​ပေါက်​သွားသလို ခံစားရကာ...

"ဒီအိမ်​က နင့်​မိဘ​တွေပိုင်​တာလား.."

"အ​မေပိုင်​တာ..."

သူမ ရန်​နိုင်​မင်း​ပြောဖူးတဲ့
သူ့အ​မေက သူငယ်​ငယ်​​လေးနဲ့
သေသွားတယ်​ဆိုတဲ့စကားကို
ပြန်​ကြားပြီးသနားသလိုရှိသည်​။

ဘယ်​လိုပဲ အ​မေအရင်းမဟုတ်​ပါ​စေ...အရင်းလိုပဲခံစားခဲ့ရမှာ​ပေါ့...

"ဒီ​နေရာ​လေးကလှတယ်​​နော်​...
ပန်းပင်​​လေး​တွေလဲအများကြီးပဲ..
သီးပင်​စားပင်​​တွေလဲ ​အနောက်​ဘက်​မှာ​တွေ့တယ်​....
အ​ဒေါ်က လက်​ဆိပ်​ရှိတယ်​..."

Little Flowers Blooming upWhere stories live. Discover now