Part 10

129 6 1
                                    

Zawgyi

သူမ ​အောက်​ထပ်​ကိုဆင်းလာ​တော့ထမင်းစားပွဲပြင်​​နေကြပြီ..

အ​ဖေက​တော့ အရင်​စား​နေသည်

သူမလဲ စားပွဲမှာ ဝင်​ထိုင်​လိုက်​သည်

"သမီး တစ်​ခုခုဖြစ်​​နေတယ်​ဆို..."

"ဘာကိုလဲ..အ​ဖေရဲ့..."

"အ​ဖေလဲမသိဘူး...ညည်းအ​မေ​ပြောတာပဲ..."

သူမသက်​ပြင်းသာမရဲတရဲချမိ သည်​။

သက်​ပြင်းတစ်​ခါချတိုင်း
တစ်​ခါအသက်​တိုမယ်​ဆို
မေရွက်​ဝါတို့ ​လောကမှာ
ရှိ​တော့မယ်​​တောင်​မထင်​....

"ဘာမှမဖြစ်​ပါဘူး အ​ဖေရဲ့....
သမီး...​နေမ​ကောင်းချင်​လို့..."

"ဟင်း....​ဆေး​လေးဘာ​လေး​သောက်​​ပေါ့သမီးရယ်​...သမီးလဲ
ငယ်​​တော့တာမဟုတ်​ဘူး...
အကုန်​လိုက်​​ပြော​နေရ​အောင်​..."

"​သောက်​ပါတယ်​....​ခေါင်းနည်း
နည်းကိုက်​​နေ​သေးတာ..."

အဝါ အ​ဖေ့ကိုလိမ်​​ပေါင်း များပါပြီ..

ကိုလင်း အ​ဖေတို့ကို
အမှန်​အတိုင်းမ​ပြောသေးတာ ကိုပဲ​ ကျေးဇူးတင်​ရမည်​။

"အင်း..ပြီးတာပဲ....
အ​ဖေလယ်​ထဲသွားဦးမယ်​..."

"လယ်​ထဲမှာ အလုပ်​သမား​တွေလဲရှိတာပဲ..
အ​ဖေဘာလို့သွားဦးမှာလဲ"

"သူတို့က အ​ဖေမှမသွားရင်
ဖြစ်​သလို​နေကြတာ သမီးရဲ့...
ကြီးကြပ်​မယ့်​သူမရှိတာနဲ့
ဖြစ်​သလိုပဲ...."

"ဟင်း....ကိုလင်းကိုလွှတ်​ပါလား.."

ကိုလင်းက စားပွဲမှာ လာထိုင်​ပြီး

"ဟဲ့..ဘာကိစ္စငါ့လွှတ်​​နေတာလဲ..
ငါမြို့တက်​ရဦးမှာ..."

"ကိုလင်းက ဘာကိစ္စနဲ့မြို့ကို
ခဏခဏသွားနေတာလဲ...
ဘာလဲ...​ယောင်းမေ​လာင်း​​လေး နဲ့​တွေ့​နေတာလား..."

သူမခနဲ့သလို​ပြောလိုက်​​တော့
ကိုလင်းက မျက်​​မှောင်​ကြုတ်
ရင်း

"ဘာ​ယောင်းမမှမရှိဘူး....
ငါက တစ်​သက်လုံး လူပျိုကြီးလုပ်​ပြီး 
နင့်​ကိုထုရိုက်​​နေမှာ...."

Little Flowers Blooming upWhere stories live. Discover now