Part 11

120 6 0
                                    

Zawgyi

"သား...ဘာ​ပြောမလို့လဲကွဲ့..."

"ကျွန်​​တော်​က..
မေရွက်​ဝါနဲ့....ဟို.."

"ဟင်း...ချစ်​သူ​တွေလား..."

အဘွားက ပြုံးရင်း​မေး​တော့
သူက သက်​ပြင်းချပြီး..

"ဟင့်​အင်း...ကျွန်​​တော့်​ဇနီးပါ...
ကျွန်​​တော်​..အစက ဟန်​​ဆောင်​လက်​ထပ်​တာပါ....
ဒါ​ပေမယ့်​..အခု..ကျွန်​​တော်​သူ့ကို
တစ်​ကယ်​ ချစ်​တယ်​...
သူက ဘာလို့မှန်းမသိ..ကျွန်​​တော့်
အ​ဝေးကိုပဲ ထွက်​​ပြေး​နေတယ်​...
ကျွန်​​တော်​ သူ့ကို​ခေါ်သွားချင်​တယ်​"

"ငါ့​မြေးကသာ သူ့ကိုချစ်​တာ..
မိဝါက မင်းကိုချစ်​လို့လားကွဲ့..."

"ကျွန်​​တော်​..မသိဘူး...
ကျွန်​​တော့်​ကို...မချစ်​​တောင်​..
စိတ်​​တော့...ဝင်​စား..."

"ဟင်း..လူငယ်​​တွေ..
မလွယ်​ပါဘူး​အေ...အဘွားက
အဘွားသမီး အိမ်​​ထောင်​ပြုတာ
မြင်​ပြီးပြီ...အဘွား​မြေးအိမ်​​ထောင်​ပြုတာပါမြင်ရတာ.. အဘွားရဲ့ကံ​ကောင်းမှုပဲ....
အချစ်​ဆိုတာ ဆန်းကြယ်​တယ်​..
ငါ့​မြေးရဲ့...အိမ်​​ထောင်​​ရေးက​တော့ပိုရှုပ်​​ထွေးတယ်​...
အချစ်​တစ်​ခုတည်းနဲ့ အိမ်​​ထောင်
တစ်​ခုတည်​​ဆောက်​လို့မရသလို
အချစ်​မပါပဲလည်း အိမ်​​ထောင်​​ရေးမတည်​​ဆောက်​သင့်​ဘူး...
အဘွားမ​ဖြေတတ်​ဘူး...
အတတ်​နိုင်​ဆုံး​တော့..အဘွား
ပြောကြည့်​​ပေးမယ်​..
သူပြန်​လိုက်​မလိုက်​က​တော့
ငါ့​မြေးရဲ့ကံပဲ...ဟုတ်​ပလား.."

အဘွားစကားဆုံးမှ သူ သိသာစွာ
သက်​ပြင်းချရင်း ရယ်​နိုင်​​တော့သည်​။

"တစ်​ခု​တော့ရှိတယ်​...
လူတစ်​​ယောက်​ရဲ့ဇာတ်​လမ်းမှာ
အဲ့လူကဇာတ်​​ဆောင်​ပဲ...
အဲ့ဒီလို ဇာတ်​လမ်းမှာ အနိမ့်​အမြင့်​အတက်​အကျ မျိုးစုံရှိနိုင်​တယ်​...
အဲ့သလို နိမ့်​ချည်​မြင့်​ချည်​ဖြစ်​လာတဲ့အခါတစ်ဦးကိုတစ်ဦး​​နားလည်​​ပေးနိုင်​တာ​သေချာရဲ့လား...
နားလည်​မှု မပါတဲ့အိမ်​​ထောင်​​ရေး ကဘယ်​လိုမှမတည်​မြဲဘူး​နော်​..."

"ဟုတ်​...ကျွန်​​တော်​နားလည်​ပါ တယ်​...သူ့ကို ကျွန်​​တော်​ ပြန်​​ခေါ်သွားခွင့်​ပြုလို့​ကျေးဇူးပါ​.."

Little Flowers Blooming upWhere stories live. Discover now