Part 16

88 3 1
                                    

သူမကို သူအချိန်​ကြာမြင့်​စွာ
နမ်းရှိုက်​​နေရင်းက
လွှတ်​​ပေးလိုက်​ရင်း
ခြံဝကိုကြည့်​လိုက်​​တော့
ဘယ်​သူမှမ​တွေ့​တော့...

သူ့ရဲ့...မျက်​ဝန်းများက....
သူမဆီပြန်​​ရောက်​လာ​တော့...

သူမကလည်း....
သူ့ကိုပြန်​​ငေးကြည့်​​နေသည်​။

ထိုအချိန်​...ထိုခဏ....
တစ်​​ယောက်​ရဲ့..နှလုံးခုန်​သံကို...

တစ်​​ယောက်​ကြား​လောက်​တဲ့ထိ...

ရင်​ခုန်​နှုန်း​တွေက
မြန်​​ဆန်​လွန်းပါသည်​။

သူမက...သူ့လည်​တိုင်​ကလက်​​လေး​တွေကိုဖြုတ်​လိုက်​​ပေမယ့်
သူက​တော့...သူမခါးက
သူ့လက်​​တွေကိုမဖြုတ်​​သေး.....

သူမကိုစိုက်​ကြည့်​​တော့
သူမက မျက်​နှာ​လေး
ပန်း​ရောင်​သန်းကာတစ်​ဖက်​ကို
လှည့်​သွားသည်​။

"နင်​...ဘာလုပ်​တာလဲ...."

"ဘာလုပ်​တာလဲ...ခင်​ဗျား မသိဘူးလား...​နောက်​တစ်​ခါ....
သိချင်​လား...."

"ဟမ်​...မ..မဟုတ်​ပါဘူး...."

အသည်းအသန်​ ငြင်း​နေ​သော
သူမကိုကြည့်​ရင်း....
သူပြုံးလိုက်​သည်​။

"နင်​...ဘာလို့...ဒီလိုလုပ်​တာလဲ..."

"ဟင်း....ကျွန်​​တော်​​ပြောပြချိန်​တန်​ပြီ...."

သူမ သူ့မျက်​နှာ​လေးကို
ဆွဲ​မော့လိုက်​ပြီးသူ့မျက်​ဝန်း​တွေထဲကိုကြည့်​​စေလိုက်​သည်​။

"ကျွန်​​တော်​...မချစ်​တဲ့လူတစ်​​ယောက်​ကို...မနမ်းဘူး...."

"ဟင်​...ဘာကို...​ပြောချင်​တာလဲ...."

"ဟင်း...ကျိန်း​သေ​ပေါက်​...
ပြောပြမှရမှာလား.....
ခင်​ဗျားကို....ကျွန်​​တော်​ချစ်​သွားလို့ဖြစ်​မယ်​...."

"ဟင့်အင်း...မဖြစ်​နိုင်​တာ...
နင်​က..ငါ့ကို..."

အစ်​ကို​တော်​က...ငါ့ကို.....
ဘယ်​လို....မဖြစ်​နိုင်​တာပဲ....

"ကျစ်​...မဖြစ်​နိုင်တာမရှိဘူး...
သက်​​သေပြရဦးမလား...."

သူက..သူမ​မေး​လေးကိုဆွဲပြီး
သူ့နှုတ်​ခမ်း​တွေကို အနားကပ်​လိုက်​ချိန်​...

Little Flowers Blooming upWhere stories live. Discover now