Part 24

105 6 0
                                    

Zawgyi

"​နေဦး..."

ဆက်​​လျှောက်​သွား​တော့မည့်
သူ့လက်​ကို သူမအလန့်​တကြား ဆွဲကိုင်​မိသည်​...

မညာတမ်း​ပြောရရင်
သူမ​ကြောက်​ပါသည်​...

သူမ​သေရမှာကိုဘယ်​တုန်းကမှ
မ​ကြောက်​ဖူး​ပေမယ့်
ဒီဘဝမှာ သူမနဲ့အကြာကြီးရင်းနှီး
လာတဲ့သူငယ်​ချင်းနဲ့ သူ့ချစ်​သူ

နောက်​...အရင်ဘဝမှာ​ရော
လက်​ရှိမှာပါချစ်​ရသူ...
အစ်​ကို​တော်​ကို ဆုံးရှုံးရမှာ​တော့
သူမ ​သေသည်​ထက်​​ကြောက်​ပါသည်​။

သူမ တုန်​ယင်​​နေတာကိုသူက
သတိထားမိ​တော့ သူမလက်​​လေး
တွေကိုပြန်​ဆုပ်​ကိုင်​လိုက်​ရင်း

"မ​ကြောက်​နဲ့ ကျွန်​​တော်
ခင်​ဗျားကို
ဘာမှမဖြစ်​စေရဘူး...
ကျွန်​​တော်​ချစ်​တဲ့သူကို
ကျွန်​​တော့်​​ကြောင့်​နဲ့ကျွန်​​တော့်
ဘေးကထွက်​မသွားစေရဘူး..."

သူ​ပြောလိုက်​တဲ့စကားလုံး
တစ်​လုံးစီဟာ ခမ်းနားကြီးကျယ်​​နေတာမဟုတ်​​ပေမယ့်
သူမကိုကြီးမားလှစွာ​သော သတ္တိကိုဖြစ်​ပေါ်​စေသလို...

သူမ​ရဲ့​ကြောက်​စိတ်​များကိုလဲ
လွင့်​စင်​​စေပါသည်​။

သူ​ရော သူမပါမသိခဲ့တာက....

နှစ်​​ယောက်​လုံးတစ်​​ယောက်​နဲ့
တစ်​​ယောက်​​ဝေးသွားနိုင်​တယ်
ဆိုတာပါပဲ​လေ....

သူမအတတ်​နိုင်​ဆုံးပြုံးလိုက်​ပြီး

"အစ်​ကို​တော်​သိရမှာက...
ညီမ​တော်​...အစ်​ကို​တော့်​ကို အမြဲတမ်းချစ်​​နေခဲ့တယ်​​နော်​...."

သူမ​ပြောလိုက်​သည်​ကိုသူက
မျက်​​မှောင်​ကြုတ်​ရင်း

"ဟင့်​အင်း....
ခင်​ဗျား...ဒါကို​မနက်​ဖြန်​မှာလည်း
ကျွန်​​တော့်​ကို​ပြောရမယ်​...
မနက်​ဖြန်​​ပြောမယ့်​စကားကိုသာ
အတည်​မှတ်​မယ်​..."

သူမ မျက်​ရည်​​တွေဝဲကာ
ခေါင်းငြိမ့်​လိုက်​ပါသည်​။

သို့​သော်​လည်း
သူမစိတ်​ထဲမှာ
မနက်ဖြန်အတွက်​​​မ​ရေရာပါ...

Little Flowers Blooming upWhere stories live. Discover now