Part 5

187 13 1
                                    

Zawgyi

သူမအိပ်​ရာကနိုးတာနဲ့ 
သွားတိုက်​တံနဲ့သွားတိုက်​​ဆေး ကိုင်​ပြီး​ရေချိုးခန်းအရင်​ရှာရသည်​။

သုံးခန်း​လောက်​ဝင်​ရှာပြီးမှ​တွေ့​တော့ သူမသွားဝင်​တိုက်​လိုက်​သည်

သွားတိုက်​မျက်နှာသစ်​​ပြီး ​​ရေချိုးခန်းထဲကထွက်​လာ​တော့ ထက်​ရှိန်း​နောင်​ကသူမ​ရှေ့ကဖြတ်​ သွားပြီး အပြင်​ထွက်သွားသည်​။

အမ်​....သူကအေ​စာကြီး
ဘယ်​သွားမို့လဲ....

အို..ဘယ်​သွားသွား​ပေါ့.....

သူမ မီးဖို​ချောင်​ထဲဝင်​ကြည့်​​တော့
မီးဖို​ချောင်​က အ​တော်​ကျယ်​သည်​။

ပင်​ကီ့အိမ်​​ရှေ့ခန်းစာ​လောက်​ရှိတယ်​...မီးဖို​ချောင်​မှာပဲ
ထမင်းစားပွဲလုပ်​ထားတာ​တောင်
နေရာက အကျယ်​ကြီးရယ်​..

သူမမျက်​ခုံးပင့်​လိုက်​ပြီး​ရေခဲ​သေတ္တာကိုဆွဲဖွင့်​လိုက်​​တော့
အ​အေးကတ်​​တွေ ​ရေကတ်​​တွေပဲ
တွေ့သည်​။

သူမစိတ်​မရှည်​စွာ
ဘေစင်​​တွေ ဂတ်စ်​​မီးဖို​တွေအ​ပေါ်က ​ကြောင်​အိမ်​​တွေ လိုက်​ဖွင့်ကြည့်​​တော့လည်း ​ပြောင်​သလင်းခါလို့....

ဘာမှမရှိတာသိ​တော့ သူမဗိုက်​က
ဆန္ဒပြလာပြီ.....

သူမ ​ရေခဲ​သေတ္တာထဲက
အ​အေးတစ်​ဘူးဆွဲထုတ်​ပြီး
သောက်​လိုက်​တာ ခဏ​လေးကုန်​သွားသည်​။

ကုန်​သွားလည်းဗိုက်​က
ပြည့်​မသွား​တော့ သူမ စားပွဲ​ပေါ်
မှောက်​အိပ်​ရင်း...​ဒေါသထွက်​​နေရသည်​။

တောက်​....ဘာမှလဲမရှိဘူး...
ဟိုတစ်​​ယောက်​က ဘယ်​သွား တာလဲ ညကလာ​တော့လည်း
အောက်​မှာ ဘာဆိုင်​မှမ​တွေ့ခဲ့ဘူး
အခန်းကြီးလဲပစ်​သွားလို့မရ....။

​ဂြီ....ဂြီ......

⭐⭐⭐⭐

  ထက်​ရှိန်း​နောင်​ ​ရောက်​တာနဲ့
တံခါးပိတ်​ပြီး မီးဖို​ချောင်​ထဲဝင်​လာပြီး​ရေခဲ​သေတ္တာထဲက  ​ရေဘူးထုတ်​​သောက်​လိုက်​သည်​။

ဘေးကိုကြည့်​လိုက်​​တော့ ​မေရွက်​ဝါ တစ်​​ယောက်​ နှစ်​နှစ်​ခြိုက်​ခြိုက်​အိပ်​​ပျော်​​နေသည်​။

Little Flowers Blooming upWhere stories live. Discover now