Part 21

79 3 0
                                    

Zawgyi

"ဟူး........"

သူသက်​ပြင်းချလိုက်​ပြီး
ကား​ပေါ်ကဆင်းကာ ခြံထဲကိုလမ်း​လျှောက်​လာ​ပေမယ့်​ သူ့​ရှေ့က
သူ​ယောင်​မယ်​​လေး​ကြောင့်
ပင်​ပန်းလာသမျှ
ကြက်​​ပျောက်​ငှက်​​ပျောက်
ဖြစ်​သွားရသည်​။

သူမက နှင်းဆီပင်​​တွေကို
ရေ​လောင်း​နေရင်း သူ့ကိုပြုံးကာ
လှည့်​ကြည့်​​တော့ သူလည်းပြန်​ပြုံးပြကာ သူမနားကို
လျှောက်​သွားလိုက်​သည်​။

"နှင်းဆီပင်​​တွေ​ရေ​လောင်း​နေတာ.."

"အင်း...."

သူမက လက်​ထဲက 
ရေပုံးကိုချကာ

"​အော်​...နင်​​မောလာမှာပဲ​နော်​....
ခဏ..."

သူမက အိမ်​ထဲကိုခပ်​သုတ်​သုတ်
ဝင်​သွားပြီး ခဏ​နေ​တော့
ရေခွက်​​လေးကိုင်​ကာပြန်​ထွက်​လာသည်​။

အနား​ရောက်​​တော့
ရေခွက်​ကိုသူ့ဆီကမ်း​ပေးလို့
ကျေးဇူး ဟု​ပြောကာ
အမြန်​​မော့​သောက်​လိုက်​ရသည်​။

စိတ်​ထဲမှာလဲ လူ​တွေလက်​ထပ်​ရ
ခြင်းအ​ကြောင်းကို သူနားမလည်
ပေမယ့်​ သူက​တော့
ဇနီး​ချော​လေးရဲ့မျက်​နှာကို
နေ့တိုင်း​တွေ့​နေရတာ​ကြောင့်
ဖြစ်​မည်​ဟုယူဆသည်

သူမက သူ​သောက်​တာကိုကြည့်​ပြီး​ရေပုံးကိုလက်​လှမ်းလိုက်​တာ
လက်​ထဲကိုအလိုလို​ရောက်​လာ​တော့ သူမက ​ခေါင်းကုတ်​​ရင်း
သူ့ကိုမျက်​နှာ​လေးမဲ့ပြကာ
လှမ်းကြည့်​သည်​။

"ငါ..ငါတမင်​ယူတာမဟုတ်​ဘူး​နော်​"

သူကပြုံးပြလိုက်​ပြီး

"ကျွန်​​တော်​ဘာမှမ​ပြောပါဘူး...
ဒါ​ပေမယ့်​...ဂရုစိုက်​တာ​တော့
ပို​ကောင်းမယ်​..
ရှင်းရှင်း​ပြောရရင်
ခင်​ဗျား ခန္ဓာကိုယ်​က လူသားခန္ဓာပဲရှိ​သေးတာ.. ရှိတဲ့စွမ်းအား​တွေကို
အရမ်းသုံးရင်​ ဘာ​တွေဖြစ်​လာမလဲမသိနိုင်​ဘူး...​နော်​..."

သူမက မျက်​နှာ​လေးပိုမဲ့ပြပြီး

"အင်း...ငါသိပါတယ်​..
ဒါ​ပေမယ့်​..ငါလည်း
ထိန်းမရဘူး...
သတိ​တော်​​တော်​ထားရမှာ..
ရှင်းသန့်​ ဒါမှမဟုတ်​ အ​ဒေါ်သာ
မြင်​သွားရင်​ခက်​ပြီ..."

Little Flowers Blooming upWhere stories live. Discover now