Part 9

117 7 0
                                    

Zawgyi

"အဝါ....အဆင်​​ပြေလား..."

"အင်း..ရတယ်​..ငါ့ဟာငါချလိုက်​မယ်​.."

သူမ အိတ်​ကြီးကို မ ချလိုက်​သည်​။

ခပ်​လှမ်းလှမ်း​တွင်​ သူမ အ​မေက
လက်​ပြ​နေသည်​။

သူမတို့ အထုပ်​ကို တစ်​​ယောက်​တစ်​ဖက်​ဆွဲပြီး အနား​ရောက်​မှ
ပစ်​ချလိုက်​သည်​။

"ရုတ်​တရက်​ကြီး...​ဆောရီးပါ
အန်​တီရယ်​..."

"အို..မဟုတ်​တာ..သမီး​လေး လာတာအန်​တီက ဝမ်း​တောင်​သာ​သေးတယ်​.."

"​အောင်​မယ်​​လေး...သမီး​ရောက်​လာတာထက်​ ပိုဝမ်းသာ​နေသလိုပဲ"

"ဒါ​ပေါ့ဟဲ့ ညည်းနဲ့တူမလား.. မိမြနှင်းက နင်​နဲ့တစ်စက်မှ​​မတူဘူး.."

အ​မေက အထုပ်​ကိုဆွဲပြီး ဆိုင်​ကယ်​ဆီယူသွားသည်​။

သူမက​တော့ လူသာ ဒီမှာရှိ​နေတာစိတ်​က​တော့ တစ်​​နေရာမှာကျန်​ခဲ့တယ်​ထင်​ပါရဲ့....

အစ်​ကို​တော်​ အခု​လောက်​ဆို
ငါ့ကိုရှာ​နေ​ရော​ပေါ့​နော်​...

အို...မဟုတ်​တာ...
အစ်​ကို​တော်​က ပို​တောင်​ဝမ်းသာ
နေဦးမှာပါ....

"အဝါ...နင်​အဆင်​​ပြေရဲ့လား..."

ပင်​ကီက မျက်​​မှောင်​ကြုတ်​ပြီး
မေး​တော့ သူမ အပြုံးတုတစ်​ခုကို
အလျင်​အမြန်​ ဆင်​မြန်းလိုက်​ရသည်​။

"ဘာကိုလဲ...​နေ​တော့
နည်းနည်းပူ​တာ​ပေါ့.."

"​အေးပါ..နင်​အဆင်​​ပြေရင်​ပြီးတာပဲ"

သူမပြုံးပဲပြလိုက်​ရသည်​။

ဒါပင်​ကီ့ကိုပထမဦးဆုံး
လိမ်​ဖူးခြင်းရယ်​ပါ..

⭐⭐⭐⭐

"မိမြ...ညည်းသူငယ်​ချင်းဘာဖြစ်​​နေတာတုန်း...​ရောက်​ကတည်းက
တမှိုင်​မှိုင်​တစ်​​တွေ​တွေနဲ့"

ပင်​ကီ သူမ အခန်းဘက်​ကို
ခေါင်း​စောင်းကြည့်​လိုက်​ပြီး..

"ဟို...ခရီးပန်းလာလို့​နေမှာပါ
အန်​တီရဲ့"

"​အေးပါ..ဟုတ်​မှာ​ပေါ့..."

Little Flowers Blooming upWhere stories live. Discover now