Part 2

322 20 0
                                    

Zawgyi

ကျစ်​ ......။

ဒီ​နေ့မှ ကားကလည်းရမ်း​နေတာပဲ....

အနောက်ကလူကြီးကလူကိုခဏ
ခဏလာလာတိုက်​​နေတာ
မ​နေတတ်​​တော့။

"ကျစ်​....."

ဒီတစ်​ခါ​တော့ သူမအသံထွက်​ပြီးစုတ်​သပ်​မိသည်​။

"အစ်​မ....."

"ဟင်​....."

သူမရှေ့ယောကျာ်းလေးနှစ်ယောက်​​ထိုင်​​နေရာမှတစ်​​ယောက်​က
လှမ်းခေါ်တော့သူမမျက်လုံးပြူး
သွားသည်​။

"ဟို...ဒီမှာ ထိုင်​ပါလား"

"ရှင်​...​သြော်​..​ကျေးဇူး ​မောင်​​လေး"

ပုံမှန်​ဆို အစ်​မအ​ခေါ်ခံရတာ မကြိုက်​​သောသူမ ဒီတစ်​ခါ​တော့
လိုလိုလားလားကို ​ကျေးဇူးတင်​မိသည်​။

ကျေးဇူးတင်​လို့မမှမဆုံး​သေး
ဘေးကတစ်​​ယောက်​ကို​ဒေါသထွက်​ရပြန်​သည်​။

ကားက ယိမ်းလိုက်​ ခုန်​လိုက်​နှင့်​ အသားချင်း နည်းနည်းပါးပါး ထိမိတာကို ဒင်းက မနှစ်​မြို့သလို ရွံရှာသလိုနဲ့ ​ဘေးတိုးတိုး
သွားတာ ပြတင်း​ပေါက်​က ပြုတ်​ကျ​တော့မည်​။ယောကျာ်း​လေးဖြစ်​ပြီး မိန်းက​​လေးမဖြစ်​ရဘူးဟု​တွေးမိလိုက်​သည်​။

မှတ်​တိုင်​​ရောက်​တာနဲ့သူမ အလျင်​အမြန်​ ဆင်းပလိုက်​သည်

ကျင်းကျပ်​သည့်​ကားကိုသူမ အကြိမ်​ကြိမ်​ မျက်​​စောင်း ထိုးမိသည်​။

⭐⭐⭐⭐

သူမ​ရောက်​​တော့ ​မောင့်​ကိုတန်း​တွေ့ရသည်​။ကုန်​တိုက်​ ​လှေကားနားမှာ လက်​တစ်​ဖက်​တင်​ပြီး ဖုန်းသုံး​နေသည်​။

သူမမှတ်​မိပါသည်​။ဒီလိုပုံစံ​လေး ကိုသူမချစ်​ခဲ့တာပါ။

သူမ​ခြေလှမ်းများသည်
တစ်​လှမ်း​တောင်​မပြည့်​လိုက်​ပဲရပ်​တန့့်​သွားရသည်​။

သူမမြင်​လိုက်​ရသည့်​မြင်​ကွင်းမှာ
သူမကို သိပ်​နာကျင်​​စေသည်​ကိုး..။

သူမ​ရှေ့တွင်​ မိန်းက​လေးလှလှ​လေးတစ်​​ယောက်​သည်​ ​မောင့်​ပါးကိုကပ်​နမ်းလိုက်​သည့်​ပုံရိပ်​..။

Little Flowers Blooming upWhere stories live. Discover now