Part 8

128 8 0
                                    

Zawgyi

"ဆရာ..ဘယ်​လို​နေ​သေးလဲ...."

"ဘာမှမဖြစ်​ပါဘူး.....
စစ်​​ဆေးချက်​​တွေထွက်​လာမှ
သိရမယ်​...စမ်းသပ်​ကြည့်
သ​လောက်​​တော့ ပင်​ပန်းပြီး
မူးလဲတာပဲ​နေမှာပါ..
ခဏ​နေရင်​ နိုးလာ​တော့မှာပါ...
ဒါထက်​...သူ့​သွေးခုန်​နှုန်း​တွေက
နည်းနည်း ထူးဆန်း​နေသလိုပဲ..."

"တစ်​ကယ်​ ဘာမှမဖြစ်​တာလား..."

"ဟား...ဟား...​သေချာပါတယ်​ဗျာ...
အဲ့ဒါမှစိတ်​မချ​သေးရင်
တစ်​ကိုယ်​လုံးသာစစ်​သွား..."

ဆရာဝန်​က ရယ်​ရယ်​​မော​မော နဲ့
ထွက်​သွား​တော့မှ သူစိတ်​ချရသည်

"ဘာမှမဖြစ်​ဘူး ​ပြောတာပဲကွာ
အဲ့​လောက်​အဖြစ်​သည်း​မ​နေနဲ့"

"ဒီမှာ...ရှင့်​သူငယ်​ချင်းမဟုတ်​တိုင်းအဲ့လိုမ​ပြောနဲ့...."

ပင်​ကီက ထိုင်​ခုံက​နေ
လှမ်း​ပြော​တော့ ထက်​ရှိန်း​နောင်​လည်း မသိမသာ လက်​ခံမိသည်​။

"အ....."

သူမလှုပ်​လာ​တော့ သူ တစ်​ဖက်​ကုတင်​မှာ သွားထိုင်​မိသည်​။

သူမ မျက်​လုံးပွင့်​လာပြီး ​ဘေးကို
ကြည့်​လိုက်​​တော့ ပင်​ကီ့ကို​တွေ့ရသည်​။

"ဟင်​...ပင်​ကီ နင်​က ဒီကိုဘယ်​လို
ရောက်​​နေတာလဲ..."

သူမတစ်​ဖက်​ကို ကြည့်​​တော့
သူလည်းထိုင်​​နေသည်​။

"ထက်​ရှိန်း​နောင်​....ငယ်​​လေး​ရော.."

"ကျစ်​...ခင်​ဗျားပဲမူးလဲပြီး...
သူများကို စိတ်​ပူ​နေ​သေးလား..."

"အယ်​...မဟုတ်​..."

"ဘာမဟုတ်​တာလဲ...သူ​ပြောတာမှန်​တယ်​...
နင်​ကမူးလဲပြီး
ဘယ်​သူ့ကိုစိတ်​ပူ​နေတာလဲ"

နှစ်​​ယောက်​သားလူနာကို
ဝိုင်းငေါက်​​နေ​တော့ ရန်​နိုင်​မင်း ကဝင်​ပြီး

"အာ...​တော်​ကြပါ​တော့...အခုမှ
သတိရတာ မင်းတို့လုပ်​တာနဲ့
ပြန်​သတိလစ်​သွားဦးမယ်​...
ညီမ...​ခေါင်းကိုက်​​နေ​သေးလား.."

"ရပါတယ်​....ငယ်​​လေး​ရော..
နိုးပြီလား..."

"ဟိုဘက်​ခန်းမှာ.."

Little Flowers Blooming upWhere stories live. Discover now