Part 22

85 8 0
                                    

Zawgyi

"​ရှေ့နား​လောက်​ဆို​ရောက်​ပါပြီ.."

ပင်​ကီက သက်​ပြင်းချပြီး

"ဟူး...ကိုလင်း မှာဆိုင်​ကယ်​ရှိတယ်မလား..
လာကြိုခိုင်း​တာမဟုတ်​ဘူး"

"​အော်​..ပင်​ကီရယ်​...ကိုလင်းက
ဟိုမှာသူ့မင်္ဂလာ​ဆောင်​ကိစ္စ
ဆွေး​နွေးတာကိုဘယ့်​နှယ်​ထွက်​လာလို့ရမှာလဲ..."

သူမ ​ပြော​ပြောနဲ့ ​ချွေး​တွေသုတ်​လိုက်​တော့သူက အိတ်​ထဲက
ရေဘူးကိုထုတ်​​ပေးသည်​။

သူမပြုံးပြကာ ​ကျေးဇူးဟု
ပြောလိုက်​​တော့ ပင်​ကီက
မျက်​​စောင်းထိုးကာ

"နင်​​ရော...​ရေဘူးမပါဘူးလား..."

ရန်​နိုင်​မင်းက ​ခေါင်းကုတ်​ကုတ်
ခြေကုတ်​ကုတ်​ဖြင့်

"အယ်​...အဲ့တာက..
ကိုယ်​လည်း အခုချက်​ချင်းကြီး ဆို​တော့ ဘာမှပြင်​ဆင်​ချိန်​မရလိုက်​ဘူး အခု​တောင်​ အင်္ကျီ​လေးနည်း​နည်းပါးပါးပဲပါတာ.."

"​ကောင်း​ရော..နင်​ဟာ​လေ..
ဘယ်​​တော့မှအားမကိုးရဘူး..."

"ပင်​ကီကလည်းကွာ...
ကိုယ့်​မျက်​နှာ​လေးကြည့်​ပြီး
အ​မော​ဖြေ​ပေါ့.."

ပင်​ကီက အံကြိတ်​ပြီး
မျက်​​စောင်းထိုးကာ ​ပြောလိုက်​​သောစကားလုံးနှစ်​လုံးဟာ...

"​သေ....​လေ..." တဲ့.....

"မမ..."

သူမတို့နားကို​ပြေးလာသည့်
ငယ်​​လေးကိုကြည့်​ကာသူမ
မျက်​လုံးပြူး​နေသည်​။

"ဟယ်​..ငယ်လေးက.. ဒီမှာ..ဘာလို့...
မပြင်​ဆင်​ဘူးလား..."

"​စော​သေးလို့​လေ..မမရဲ့...
နေ့ခင်း​လောက်​မှစမှာ​ပြောတယ်
အာ့​ကြောင့်​ မမကိုလာကြိုတာ.."

"အို...​တော်​..​တော်​..မမတို့က
ချွေး​တွေသန်​​တွေနဲ့...
ငယ်​​လေးက သန့်​ရှင်း​နေတာ..
အနံ့​တွေကူးကုန်​မယ်​.."

သူမက အ​နောက်​ဆုတ်​ရင်း​ပြော
တော့ ငယ်​​လေးက ပြုံးပြပြီး

"မမရယ်​..ရပါတယ်​.."

"အာ..သွား..သွား..ငယ်​​လေး​ရှေ့ကသွား..မမတို့အ​နောက်​က
လိုက်​မယ်​"

Little Flowers Blooming upWhere stories live. Discover now