Part-1

1.1K 24 3
                                    

Zawgyi

"သမီး​တော်​ ထွက်​လာခဲ့​တော့ လေ"

ခါတိုင်းလိုအအိပ်​ပုတ်​​နေတဲ့
သမီး​တော်​ကိုမယ်​​တော်​ကနှိုး​နေရ ပြန်​ပြီ။

ဒါပေမယ့်မတူတာက
ဒီတစ်ခေါက်​မှာ အ​ရေးကြီးသည့်​အတွက်​​သေချာမှာထားပါရက်​နဲ့ ကွယ်​......

သမီး​တော်​တစ်​​ယောက်​နဲ့​တော့
မယ်​​တော်​ ခက်​လှပြီ။

" မနိုး​သေးဘူးလား ရှင်​မ"

" ဟုတ်​ပါရဲ့ ခါတိုင်းလို အအိပ်​ကြီး​နေပြန်​ပါပြီ"

" သမီး​တော်......ထစမ်းကွယ်​....
ဧည့်​သည်​​တွေ​စောင့်​​နေ​ချေပြီ"

ခမည်းတော်အသံပါပါလာတော့
သူမ မထမဖြစ်​​တော့။

မယ်​​တော်​တို့က​လေ ခါတိုင်း လည်း.........​နေပါဦး...ဧည့်​သည်​....ဧည့်​သည်​။

အို.....ဘယ်​လို​တောင်
မေ့​နေပါလိမ့်​။

သူမအိပ်​ရာက​ငေါက်​ကနဲထပြီး
မျက်​လုံးပြူး မျက်​ဆန်​ပြူး ဖြစ်​​နေ​လေပြီ။

" သမီး​တော်​ အမြန်​လာခဲ့​နော်​မယ်​​တော်​တို့​စောင့်​​နေမယ်​"

သူမ ​စောင်​ကို ​ဘေးပုံလျက်
လှေကားအတိုင်း​ပြေးဆင်းလာခဲ့
သည်​။

သူမ​အောက်​​ရောက်​သည်​နှင့်
ဧည့်​သည်​ဟု ထင်​ရ​သောသူ သုံးဦးထဲကနှစ်​ဦး​သည်​ သူမကိုကြည့်​ပြီး မခိုတရို့ ရယ်​​နေကြသည်​။

ထို​တော့မှခမည်း​တော်​နှင့်
မယ်​​တော်​တို့လှည့်​ကြည့်​မိသည်​။

အို.........သမီး​တော်​တို့​တော့ လုပ်​ချလိုက်​ပြန်​ပါပြီ။

ဆံပင်​က ​ခေါင်း​ပေါ်ငှက်​သိုက်​တင်​ထားသလို.....

မယ်​​တော်​ထိုင်​​နေရာမှ အမြန်​ထပြီးသူမ​ခေါင်း ကိုအသာသပ်​လိုက်​ရာ ဆံပင်​​တွေရှင်းပြီးသား ဖြစ်​သွားသည်​။

Little Flowers Blooming upWhere stories live. Discover now