Part 6

161 13 2
                                    

Zawgyi

စိတ်​တိုင်းကျရယ်​​နေသည့်​သူမမျက်​နှာကိုဆက်​မြင်​​နေရရင်
သူစိတ်​မထိန်းနိုင်​​တော့မှာသိလို့

ကားလမ်း​ဘေးထိုးရပ်​ပြီး
သူမကို ရင်​ခွင်​ထဲထည့်​ထား
လိုက်​​ပေမယ့်​ ခက်​တာက
ရင်​ခုန်​သံက ပိုမြန်​လာရသည်။

ဒုတ်​....ဒုတ်​...ဒုတ်​...
ကားမှန်​ကိုထုသံကြားမှ နှစ်​​ယောက်​သား သတိပြန်​လည်​လာပြီးလူချင်းခွာလိုက်​ရသည်

မှန်​ဆီကြည့်​လိုက်​​တော့ ပင်​ကီနဲ့ ရန်​နိုင်​မင်း...

ကံ​ကောင်းလို့ မှန်​က အမည်းဖြစ်​​နေတာ..အထဲကိုမမြင်​ရ

"င​နောင်​...ဘာဖြစ်​တာလဲ..."

သူ ကားမှန်​ကို ချလိုက်​​ပြီး
ဘာ​ဖြေရမှန်းမသိဖြစ်​​နေချိန်​ သူမကမျက်​ရည်​များကို မသိ​အောင်​သုတ်​လိုက်​ပြီး...

"စက်​​သေသွားလို့...အစ်​ကို..."

"​သြော်​...ငါကြည့်​​ပေးမယ်​..မင်း စက်​နှိုးကြည့်​..."

အလိမ်​အညာဖြစ်​​နေ​လေ​တော့
ချက်​ချင်းပဲ စက်​နိုးသွားသည်​။

"ရပြီ...ဘာဖြစ်​တာလဲမသိဘူး
ငါကြည့်​တာလဲ ဘာမှလွတ်​​မနေဘူး...သွားမယ်​​လေ...
ပင်​ကီ...ကျွန်​​တော်​တို့သွားရ​အောင်​.."

ရန်​နိုင်​မင်းက ဦး​ဆောင်​​ခေါ်သွား​တော့ ပင်​ကီကအ​နောက်​က ပါသွားသည်​။

သို့​သော်​ သူမစိတ်​ထဲမှာ သူတို့ကို
မမြင်​...

သူမကိုကြည့်​​နေခဲ့​သော
ထိုမျက်​ဝန်းတစ်​စုံနှင့်
အခုထိခံစားလို့ရ​နေ​သော
သူ့ရနံ့တို့ကသာ သူမအာရုံကို
လွှမ်းမိုးထားသည်​။

မဖြစ်​ဘူး...​မေရွက်​ဝါ..မဖြစ်​တာနင်​သိတယ်​​နော်​....

သူမကိုယ့်​ကိုယ်​ကို သတိ​ပေး​နေ​ပေမယ့်​ မျက်​လုံးက သူ့ဆီပဲ​ရောက်​​ရောက်​သွားသည်​။

သူနဲ့​တွေ့တာ တစ်​ပတ်​တောင်​မရှိ​သေးပါ​ပေမယ့်​...သူ့ကိုအချိန်​အကြာကြီးသိလာခဲ့သလိုခံစားရ
သည်​။

Little Flowers Blooming upWhere stories live. Discover now