Part 20

76 5 0
                                    

Zawgyi

သူမ တစ်​ဖက်​ကိုလှည့်​လိုက်​​တော့
သူက ဆိုဖာ​ပေါ်က​နေ
သူမကို ပြုံးပြီးကြည့်​​နေသည်​။

သူမလည်းပြန်​ပြုံြး့ပရင်း

"ဘာလို့လဲ..."

"ဟင်း..ဒီအတိုင်း...
အမှန်​​တော့...ကျွန်​​တော်​...
ဒီကိုလိုက်​လာဖို့ 
စောင့်​​နေရတုန်းက
ကျွန်​​တော်​ ဘယ်​​လောက်​​တောင်
လွမ်း​နေခဲ့ရလဲဆိုတာ..ပြန်​သတိရ
သွား​တော့...အချိန်အများကြီး ရှိတာ သိတာ​တောင်​ကြည့်​လို့ မဝဘူးလို့​ ပြောရမလား"

သူမက ပိုမိုပြုံးလိုက်​ရင်း

"နင်​ သိပ်​စကားတတ်​လာ
တယ်​​နော်
ဒါနဲ့​လေ...နင်​...
ဘယ်​လိုမှတ်​မိသွားတာလဲ..."

"မယ်​​တော်​လာသွားတာ...."

"ဟင်​....မယ်​​တော်​​လေးက....
ဘာလို့နင့်​ကိုလာသတိ​ပေးတာလဲ"

"အာ့ဆို...မယ်​​တော်​ဒီ​ရောက်​​နေတာ ခင်​ဗျားလဲသိတယ်​​ပေါ့..."

"အင်း...သိတယ်​​လေ...
အရင်​တစ်​ခါက နင်​နဲ့ဆုံတယ်​​လေ..မှတ်​မိလား...."

"ဘယ်​တုန်းက..."

"အရင်​ကွန်​ဒိုမှာတုန်းက​လေ...."

"​အော်​...ဟုတ်​သားပဲ....
အဲ့တုန်းက...ခင်​ဗျားအိမ်​ကို
မီး​လောင်​တိုက်
သွင်း​သေးတယ်​​လေ"

"ဟာ...အဲ့လိုမဟုတ်​ပါဘူး​နော်​...
သူများက​စေတနာနဲ့ချက်​​ပေးတာကို...နင်​ပဲ အမျိုးမျိုး...."

"ဟား..ဟား...စိတ်​​ကောက်​တာလား...ကျွန်​​တော်​က
မိန်းမ​တွေအ​ကြောင်းမသိဘူး​နော်
စိတ်​​ကောက်​လည်း
မ​ချော့တတ်​ဘူး..."

သူမက မျက်​ခုံးတွန့်​​တော့
သူကစကားလမ်း​ကြောင်း လွှဲသည်

"​အော်​..ဒါနဲ့...ဟို​ကောင်​မ​လေး​ရော"

"အမယ်​​လေး...
အခုမှငယ်​​လေးကိုသတိရတယ်​ငယ်​​လေးက
ရွာမှာကျန်​ခဲ့တယ်​​လေ...
အ​မေကလည်း သ​ဘောကျလို့
ခေါ်ထားတာ.."

"​အော်​....."

"တကယ်​​တော့ မယ်​​တော်​​လေးနဲ့
ဒီ​ရောက်​မှလည်း​တွေ့​သေးတယ်​"

Little Flowers Blooming upWo Geschichten leben. Entdecke jetzt