Part 23

77 6 0
                                    

Zawgyi

သူမကြယ်​​တွေကိုတိတ်​တဆိတ်
ရေတွက်​​နေတုန်း အ​နောက်​က​နေ
ပုခုံးကိုအပုတ်​ခံလိုက်​ရလို့
တုန်​တက်​သွားသည်

ပင်​ကီက​တော့ ရယ်​ပြသည်​။

သူမလည်း ကြယ်​​တွေကိုပြန်​ကြည့်​ကာ​ရေတွက်​​နေတုန်း
ပင်​ကီကစကားစလာသည်​။

"အချိန်​​တွေကုန်​တာသိပ်​မြန်​​နေသလိုပဲ​နော်​..."

ပင်​ကီ​ပြောတာကိုကြားရ​တော့
သူမ တက္ကသိုလ်​တုန်းကအချိန်​​လေး​ တွေကိုပြန်​သတိရလာသည်

"အင်း...မြန်​တာ​ပေါ့...
သိပ်​မြန်​တယ်
အသက်​​တွေကြီးလာတာနဲ့အမျှ...
အချိန်​ကုန်​တာမြန်​လာတယ်​..."

"နင်​မှတ်​မိလား...နင်​နဲ့ငါ
ပထမဆုံး​တွေ့တုန်းကကို..."

သူမဟက်​ခနဲရယ်​လိုက်​ပြီး...

"မှတ်​မိတယ်​...နင်​ကငါ့ကိုနင်​သိတဲ့တစ်​​ယောက်​ထင်​ပြီးလာ​ခေါ်တာ​လေ...ဟုတ်​တယ်​မလား..."

"အင်း..ဟုတ်​တယ်​..ငါ
အထက်​တန်း​ ကျောင်းတုန်းက
သူငယ်​ချင်းတစ်​​ယောက်​နဲ့တူတာ​လေ....ငါကနင့်​ကို​ခေါ်ပြီးမှ
မဟုတ်​​တော့ အားနာသွားတာ..."

"အင်း​လေ...​နောက်​မှ နင်​နဲ့က​မေဂျာ​ရောအတန်းပါတူတာ
သိ​တော့ခင်​သွားတာ​လေ..."

"ဟင်း...ငယ်​ငယ်​တုန်းကအချိန်​​တွေပြန်​သတိရမိတယ်​..."

"ငါ​ရောပဲ....ငယ်​ငယ်​တုန်း ကဆို...kingကို
ကန်​တင်းမှာ​တွေ့ရင်
ငမ်းလိုက်​ရတာအ​မော...
နောက်​ပြန်​ကြည့်​​တော့လည်း
ဘာမှမ​ဟုတ်​ပါဘူး..."

"ငါတို့kingက လုံးဝကို gentlemanကြီး​လေ...
အဲ့​တော့ ​တွေ့တဲ့​ကျောင်းသူတိုင်း
မ​ကြွေဆင်းပဲမ​နေနိုင်​ဘူး..."

ဟုတ်​ပါသည်​...​ကျောင်းတုန်းက
kingက သိပ်​ကို​ချောခဲ့တာလို့ထင်​ခဲ့သည်

အခုမှသူမသိရတာက
kingက ​ချောတာထက်​ သူ့ရဲ့
ပြောပုံဆိုပုံ​တွေကို
သ​ဘောကျခဲ့ကြတာဖြစ်​လိမ့်​မည်

"​နောက်​​တော့...​ကျောင်းကို​ရောက်​လာတဲ့ cool girlနဲ့​တွေ့ပါ​လေ​ရော
အစက အဲ့​ကောင်​မ​လေးက
လှည့်​ကိုမကြည့်​တာ​လေ...
king ကသိပ်​လည်း
မ​ချောဘူးဆိုပြီးပြီး​တော့... သူ့ကိုလာပိုးပန်းတဲ့​ကောင်​​တွေမှန်​သမျှ သူပြန်​​ပြောတဲ့
ပညာသားပါပါစကား​တွေ​ကြောင့်​ အသဲကိုဟပ်​တပ်​ကွဲ​ရော.."

Little Flowers Blooming upWhere stories live. Discover now