Part 15

94 5 0
                                    

Zawgyi

"ဟင်း...."

မျက်​နှာ​ပေါ်ကျ​ရောက်​​နေတဲ့
နေ​ရောင်​​ကြောင့်​သူမနှာ​ခေါင်းရှုံ့ လိုက်​ရင်းသူမ​ခေါင်းနားက
တစ်​စုံတစ်​ခု ကိုပိုမိုဖက်​တွယ်​လိုက်​မိသည်​။

ဟင်​...မဟုတ်​​သေးပါဘူး..ဒါ...

သူမ မျက်​လုံးများကိုမရဲတရဲ
ဖွင့်​ကြည့်​လိုက်​​တော့
သူမ​ရှေ့မှာ ကျယ်​ပြန့်သော
အဖြူ​ရောင်​အကျီင်္လွှလွှ​အောက်​ကတစ်​စုံတစ်​ခု...

သူမ​ခေါင်း​မော့ကြည့်​​တော့
အိပ်​​မောကျ​နေ​သော
သူ့မျက်​နှာကို
နေ​ရောင်​ကျ​ရောက်​​နေရာ..
ဖြူ​သောသူ့အသားအ​ရေက
ဝင်းလက်​​နေသည်​။

သူမ ​ကျော​ပေါ်ကသူ့လက်​နှင့်
သူ့ရင်​ဘတ်​ကြားက​နေ သူမလက်ကိုအ​ပေါ်ထုတ်​ကာ 
နေ​ရောင်​ကိုကာ​ပေးမိသည်​။

မဟုတ်​ပါဘူး...ငါဘာ​တွေလုပ်​​နေတာလဲ.....

အစ်​ကို​တော်​က..ကုတင်​​ပေါ်..

ဘယ်​လို....

သူမ​ရှေ့က သူကအနည်းငယ်
လှုပ်​လာသည်​။

ဟိုက်​...​သေပြီ....

ခဏ​နေ​တော့ မျက်​လုံးပွင့်​လာပြီး
သူမကို စိုက်​ကြည့်​​နေသည်​။

"နိုးပြီလား...."

သူမ မရဲတရဲ​ခေါင်းငြိမ့်​မိသည်​။

အာ..ငါဘာ​တွေလုပ်​​နေတာလဲ..
မေးလိုက်​​လေ..သူကကုတင်​​ပေါ်..
ဘယ်​လို​ရောက်​​နေတာလဲလို့.....

သူကမျက်​လုံး​တွေပြန်​မှိတ်​ကာ
သူမကို ပိုမိုတင်းကျပ်​စွာပြန်​ဖက်​ထားသည်​။

သူမ​မေးဖို့်လုပ်​​ပေမယ့်​....

သူ့လက်​​တွေက သိပ်​ပြီးအားမပါ​ပေမယ့်​...ဒါ​ပေမယ့်​...
သူမရုန်းမထွက်​နိုင်​ပါ.....

"​ဂျောက်​...အမ​လေး...."

သူမအသံလာရာကို​ခေါင်းငဲ့ကြည့်
တော့ အ​ဒေါ်...မျက်​လုံး​လေးကို
လက်​ဝါးနဲ့ကွယ်​ထားသည်​။

သူမ အလန့်​တကြား....
သူ့လက်​ကို ဖယ်​ကာ
ငုတ်​တုတ်​ထိုင်​မိသည်​။

Little Flowers Blooming upWhere stories live. Discover now